မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၁၅)ဦးအထိ ရှိလာ

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၁၅)ဦးအထိ ရှိလာ
သြဂုတ် 22, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း  Covid-19 ကူးစက်ခံရသူ (၁၅)ဦး ထပ်တိုး၍ စုစုပေါင်း (၁၁၅)ဦးတိတိအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့၏ တစ်နေ့တာအနေဖြင့် အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၁၅)ဦးတို့ကို Covid-19 စစ်ဆေးပေးရာက အမျိုးသား(၆)ဦး နှင့် အမျိုးသမီး(၉)ဦးတို့တွင် Covid-19 ပိုးတွေ့ရှိရသည်။

မိုင်းယောင်းမြို့နယ်အတွင်းရှိ မိုင်းယောင်း၊ မိုင်းယုတို့တွင် Covid-19 တတိယလှိုင်း ကာလအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့မှ ဩဂုတ်လ(၂၁)ရက်နေ့အထိ Covid-19 ပိုးတွေ့ရသူ (၁၁၅)ဦးတိတိရှိသွားပြီး ဆေးရုံက ဆင်းခွင့်ရရှိသွားသူများမှာ (၆၇)ဦးရှိသွားကာ လက်ရှိတွင် (၄၈)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။