တာချီလိတ်မှ ဇွန်လ(၁၀)ရက်နေ့က ပို့စစ်ထားသည့် Covid-19 ဓါတ်ခွဲနမူနာ(၇၄)ခု၏ အဖြေများကို ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းအထိ မသိရသေး

တာချီလိတ်မှ ဇွန်လ(၁၀)ရက်နေ့က ပို့စစ်ထားသည့် Covid-19 ဓါတ်ခွဲနမူနာ(၇၄)ခု၏ အဖြေများကို ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းအထိ မသိရသေး
ဇွန် 16, 2020
By Tachileik News Agency
တာချီလိတ်မှ ဇွန်လ(၁၀)ရက်နေ့က ပို့စစ်ထားသည့် Covid-19 ဓါတ်ခွဲနမူနာ(၇၄)ခု၏ အဖြေများကို ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းအထိ မသိရသေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၆၄)ဦး အပါအဝင် (၇၄)ဦး၏ Covid -19 ဓါတ်ခွဲနမူနာများအား ဇွန်လ(၁၀)ရက်နေ့က ရန်ကုန်သို့ ပို့စစ်ထားရာ ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းအထိ ဓါတ်ခွဲအဖြေ မရရှိသေးကြောင်း သိရသည်။

“ အရင်ဓာတ်ခွဲစစ်ထားတဲ့ အဖြေကတော့ မရသေးပါဘူး”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ဇွန်လ (၉)ရက်နေ့က လက်ခံထားသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်အတွင်း မယ့်ဖားလုံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ (၁၉)ဦး၊ ပြည်တော်ပြန် (၃၂)ဦးနှင့်  ပြစ်ဒဏ်စေ့ (၁၃)ဦး စုစုပေါင်း (၆၄)ဦး အပါအဝင် facility quarantine center တွင် ကျန်းမာရေးစစ်ဆေးပေးနေသည့် (၅)ဦးနှင့် တာချီလိတ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ (၅)ဦး စုစုပေါင်း (၇၄)ဦး၏ ဓါတ်ခွဲအဖြေများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ပြည်တော်ပြန်များကို လက်ခံပေးပြီးနောက်ပိုင်းတွင် တစ်နေ့လျှင် Covid-19 ဓါတ်ခွဲနမူနာများကို ထောင်နှင့်ချီ ဓါတ်ခွဲစစ်ဆေးနေရသည့်အတွက် ယခုလို ကြာမြင့်လာခြင်း ဖြစ်ကြောင်း ကျန်းမာရေးဌာနထံက သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~