Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာလေမြို့တွင် တစ်နေ့တည်း သေဆုံးသူ (၂)ဦး ထပ်တိုး၍ (၁၃)ဦးအထိ ရှိနေ

Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာလေမြို့တွင် တစ်နေ့တည်း သေဆုံးသူ (၂)ဦး ထပ်တိုး၍ (၁၃)ဦးအထိ ရှိနေ
နိုဝင်ဘာ 4, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း Covid-19 ကူးစက်မှု မြှင့်တက်နေသည့် တာလေမြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးသူ နှစ်ဦး ထပ်တိုး၍ စုစုပေါင်း (၁၃)ဦးအထိ ရှိနေကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင် (၁၃)ဦးမြောက်အဖြစ် ထပ်တိုးကြသည့် သေဆုံးသူများမှာ တာလေမြို့ ဝမ်ဝိန်းရွာနေ အသက်(၅၅)နှစ်ရှိ အမျိုးသားတစ်ဦး နှင့် တာကြန့်ကျေးရွာနေ အသက်(၆၆)နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ (၁၃)ဦးတွင် အမျိုးသမီး (၁၀)ဦး နှင့် အမျိုးသား (၃)ဦး တို့ ပါဝင်သည်။

တာလေမြို့တွင် နိုဝင်ဘာလ(၃၁)ရက်နေ့က တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံရသူ (၁၁၈)ဦးအထိ စံချိန်တင် စစ်ဆေးတွေ့ရှိ‌ခဲ့ပြီး နိုဝင်ဘာလ(၁)ရက်နေ့၏ စာရင်းအရ စုစုပေါင်း (၅၇၇)ဦးအထိ ရှိကြောင်း သေဆုံးသူ စုစုပေါင်းမှာ (၁၃)ဦးအထိ ရှိကြောင်း  သိရသည်။