တာချီလိတ်မြို့တွင် အခြားဒေသမှလာသည့် လမ်းလုပ်သားအဖွဲ့ထဲက (၃)ဦး၌ Covid-19 တွေ့

တာချီလိတ်မြို့တွင် အခြားဒေသမှလာသည့် လမ်းလုပ်သားအဖွဲ့ထဲက (၃)ဦး၌ Covid-19 တွေ့
ဒီဇင်ဘာ 4, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် အခြားဒေသမှလာသည့် လမ်းလုပ်သားအဖွဲ့ထဲက (၃)ဦး၌ Covid-19 တွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ အခြားဒေသမှ လာရောက်သည့် လမ်းလုပ်သားအဖွဲ့ထဲက  (၃) ဦးတွင် ပိုးကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့ နံနက်ပိုင်းတွင် သိရသည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများမှာ တာချီလိတ်မှ တောင်ကြီးမြို့ရှိ ပြည့်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာများမှ ဖြစ်ကြောင်း သိရပြီး ပဲခူးတိုင်းဒေသကြီးမှ လမ်းလုပ်သား အမျိုးသား (၃) ဦး ဖြစ်သည်။
 
တာချီလိတ်မြို့သို့ လာရောက်သည့် လမ်းလုပ်သားအဖွဲ့မှ ယခင်က အတည်ပြုလူနာ (၂)ဦး အပါအဝင် COVID-19 အတည်ပြုလူနာ စုစုပေါင်း (၅) ဦးရှိနေပြီး လမ်းလုပ်သားတစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်၍ တာချီလိတ်ဒေသတွင်းမှ ကူးစက်ခံရသည့် အတည်ပြုလူနာများအပါအဝင် လက်ရှိတွင် အတည်ပြုလူနာ (၆၂)ဦး ကုသမှုခံယူနေသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~