မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်မြန်မာ (၁၂၁) ဦး ပြန်ဝင်ရန်ရှိသော်လည်း မယ်ဆိုင်သို့ အချိန်မီမရောက်လာ၍ (၉၃)ဦးသာ ပြန်ဝင်လာနိုင်

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်မြန်မာ (၁၂၁) ဦး ပြန်ဝင်ရန်ရှိသော်လည်း မယ်ဆိုင်သို့ အချိန်မီမရောက်လာ၍ (၉၃)ဦးသာ ပြန်ဝင်လာနိုင်
နိုဝင်ဘာ 17, 2020
By Tachileik News Agency
မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်မြန်မာ (၁၂၁) ဦး ပြန်ဝင်ရန်ရှိသော်လည်း မယ်ဆိုင်သို့ အချိန်မီမရောက်လာ၍ (၉၃)ဦးသာ ပြန်ဝင်လာနိုင်
ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသား (၁၂၁) ဦး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း၌ မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ နေရပ်ပြန်ခွင့်ရထားသော်လည်း မယ်ဆိုင်သို့ အချိန်မီရောက်မလာသူများရှိ၍ (၉၃)ဦးသာ နေရပ်ပြန်လာနိုင်သည်။
ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၉၃) ဦးသည် မယ်ဆိုင်မြို့မှ တာဝန်ရှိသူများ လိုက်ပါလျှက် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် တာချီလိတ်ဘက်သို့ ပြန်လည်ဝင်ရောက်လာရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ခြင်းများပြုလုပ်၍ လက်ခံပြီးနောက် နေရပ်အလိုက်စာရင်းခွဲခြင်းကို ပြုလုပ်ကြသည်။
နေရပ်ပြန်လာသူများမှ တာချီလိတ်မြို့နယ်အတွင်းနေထိုင်သူများကို မိုးကုတ်ဝိပဿနာရိပ်သာ၌ ဖွင့်လှစ်ထားသည့် Quarantine Center တွင်သတ်မှတ်ရက်အတိုင်းထားရှိမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝင်ရောက်လာသူများကို သက်ဆိုင်ရာနေရပ်အသီးသီးသို့ ချက်ချင်းပို့ဆောင်မည်ဖြစ်သည်။
မြန်မာ - ထိုင်းနယ်စပ်ဝင်ပေါက်များအား ပိတ်ထားသည့်ကာလအတွင်း နေရပ်ပြန်လိုသည့် နှစ်နိုင်ငံမှ နိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံသံရုံးက စိစစ်ခွင့်ပြုချက်ဖြင့် နှစ်နိုင်ငံညှိှနှိုင်းကာ နယ်စပ်ဝင်ပေါက်များမှ ဝင်ခွင့်ပြုနေခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~