တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာမီးလင်းရေးက Covid-19 ကာလအတွင်း အဆင်ပြေစေရန် မီတာသုံးစွဲသူ (၁၄၄)ဦးကို ကျပ်တစ်သိန်းစီ ပြန်လည် ထောက်ပံ့

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာမီးလင်းရေးက Covid-19 ကာလအတွင်း အဆင်ပြေစေရန် မီတာသုံးစွဲသူ (၁၄၄)ဦးကို ကျပ်တစ်သိန်းစီ ပြန်လည် ထောက်ပံ့
ဇွန် 13, 2020
By Tachileik News Agency

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာမီးလင်းရေးက Covid-19 ကာလအတွင်း အဆင်ပြေစေရန် မီတာသုံးစွဲသူ (၁၄၄)ဦးကို ကျပ်တစ်သိန်းစီ ပြန်လည် ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းမှ လျှပ်စစ်မီတာအသုံးပြုသူများကို လွယ်တော်ခမ်းမီးလင်းရေးက ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မီတာဘောက်စ်တစ်လုံးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပြန်လည်ထောက်ပံ့ ပေးနေကြောင်း သိရသည်။

ကျွန်တော်တို့ ကျေးရွာအတွင်းက မီတာတပ်ထားတဲ့သူ (၁၄၄)ယောက်ရှိတယ်။ အဲဒါတွေကို အကုန်လုံး တစ်အိမ်ထောင် တစ်သိန်းကျပ်နှုန်းနဲ့ ကိုဗစ်ကာလအတွက် ပြန်လည်ထောက်ပံ့ပေးတာပါ။ ကျွန်တော်တို့ မီးပေးတာကတော့ မြို့မီးလင်းရေးကော်မတီကနေပဲ လျှပ်စစ်ဓာတ်အားပေးပါတယ်။ လျှပ်စစ်မီတာခကိုလည်း မြို့မီးလင်းရေးကော်မတီက ကောက်ခံတဲ့နှုန်းထားအတိုင်းပဲ ကောက်ပါတယ်

ဟု လွယ်တော်ခမ်းမီးလင်းရေးအဖွဲ့ဝင် ဦးညီညီနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၂)ရက်နေ့က ပြောသည်။

လွယ်တော်ခမ်းကျေးရွာအတွင်းရှိ လျှပ်စစ်မီတာ တပ်ဆင်ထားသည့် အိမ်ထောင်စု (၁၄၄)စုအနက် လာရောက်ထုတ်ယူရန် (၂) ဦးသာ ကျန်တော့ကြောင်း သိရသည်။

လွယ်တော်ခမ်းမီးလင်းရေးကနေ မီတာတပ်ထားတဲ့ အိမ်ထောင်စုတွေကို မီတာတစ်လုံးကို ကျပ် (၁)သိန်းနှုန်းနဲ့ ပြန်ပေးတယ်ကြားလို့ သွားထုတ်လာတာ။ အကုန်လုံးလိုလို ထုတ်ပြီးကြပြီလို့ပြောတယ်။ ကိုဗစ်ကာလအတွက် ပြန်လည်ကူညီတဲ့သဘောနဲ့ ပေးတာလို့ သိရတယ်

ဟု လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် မိုးမေတ္တာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်ထားသည့် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးကပြောသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက တစ်ဆင့်ဝယ်ယူ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး Covid-19 ကာလအတွင်း ဧပြီလနှင့် မေလအတွက် လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ဘတ် (၁၅)ပြားစီ လျှော့ချပေးခြင်းနှင့် ရက်လွန်ဒဏ်ကြေး ပယ်ဖျက်ပေးခြင်းတို့ကို မြို့မီးလင်းရေးကော်မတီက ဆောင်ရွက်ပေးထားခြင်းဖြစ်သည်။

လွယ်တော်ခမ်းမီးလင်းရေးက မြို့မီးလင်းရေးကော်မတီမှ တဆင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့က စတင်၍ လျှပ်စစ်မီး  ရယူကာ ကျေးရွာများအတွင်း ပြန်လည်ဖြန့်ဖြူးပေးနေသည်မှာ ၂၀၂၀ခုနှစ် ဇွန်လ(၁၃)ရက်နေ့အထိ မီတာအလုံးရေ (၁၄၄)လုံးအထိ ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~