မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့ပြီး တာချီလိတ်သို့ လာမည့် ကုန်တင်ယာဉ်မောင်းတစ်ဦးထံက မိုင်းပျဉ်းစစ်ဆေးရေးဂိတ်၌ Covid-19 ပိုး စစ်ဆေးတွေ့ရှိ

မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့ပြီး တာချီလိတ်သို့ လာမည့် ကုန်တင်ယာဉ်မောင်းတစ်ဦးထံက မိုင်းပျဉ်းစစ်ဆေးရေးဂိတ်၌ Covid-19 ပိုး စစ်ဆေးတွေ့ရှိ
အောက်တိုဘာ 27, 2020
By Tachileik News Agency

 

မဲဆွယ်စည်းရုံးရေးတွင် ပါဝင်ခဲ့ပြီး တာချီလိတ်သို့ လာမည့် ကုန်တင်ယာဉ်မောင်းတစ်ဦးထံက မိုင်းပျဉ်းစစ်ဆေးရေးဂိတ်၌ Covid-19 ပိုး စစ်ဆေးတွေ့ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့က ဟိုပုံးမြို့မှလာပြီး မဲဆွယ်စည်းရုံးရေးတွင် လိုက်ပါခဲ့သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၂)ဦး ရှိလာပြီဖြစ်သည်။
"Positive က မနေ့ကတည်းက ဆေးရုံရောက်တယ်။ မိုင်းပျဉ်းဆေးရုံမှာ။ သူကဟိုပုံးက လာတာ။ မိုင်းပျဉ်းစစ်ဆေးရေးဂိတ်မှာ တွေ့တာ။ ယာဉ်မောင်းပေါ့။ သူက ဟိုပုံးကနေ ကုန်စိမ်းသယ်လာတာ။ တာချီလိတ်ကို ပို့ဖို့ပေါ့။ သူက ဒီလ (၁၁) ရက်နေ့က တစ်ခေါက်ဝင်လာသေးတယ်။ အဲဒီတုန်းက မိုင်းပျဉ်းမှာစစ်တော့ Negative ပေါ့။ ကျိုင်းတုံရောက်တော့ သူကကုန်ကား မဟုတ်ဘဲ Wish ကားပေါ်တင်လာတဲ့အတွက် ပို့/ဆက်က ဆက်သွားခွင့် မပေးဘူး။ အဲဒါနဲ့ ကျိုင်းတုံစစ်ဆေးရေးဂိတ်မှာပဲ ထားခဲ့ပြီး ပြန်သွားရတာ။ အဲဒါနဲ့သူပြန်သွားတာ။ (၁၃)ရက်နေ့မှာ ဟိုပုံးရောက်တယ်။ အဲဒါနဲ့ သူ့ရွာက ဟိုပုံးမြို့နဲ့ (၅)မိုင်အကွာလောက်ရှိတယ်။ အဲဒါ ဟိုပုံးနဲ့ရွာတော့ သွားလိုက် လာလိုက် ဈေးရောင်း ဈေးဝယ်တော့လုပ်တယ်။ (၁၆)ရက်နေ့မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နဲ့ မဲဆွယ်စည်းရုံးရေးလည်း လိုက်တယ်ပြောတယ်။ ဒါပေမဲ့ သူ့ကားထဲက မထွက်ပါဘူးတဲ့။ ကားပေါ်မှာ (၇)ယောက်လောက်တော့ ပါတယ်။ ရွာတွေ ပတ်မောင်းတယ်။ ပြန်လာပြီးတော့ (၂၆) ရက်နေ့မှာ ကုန်ကားပြန်ထွက်လာတော့ မနေ့က မိုင်းပျဉ်းဂိတ်မှာရောက်တယ်။ ကားမှာ သူအပါအဝင် (၂)ယောက်ပေါ့။ သူက Positive ဖြစ်တယ်။ ကျန်တဲ့တစ်ယောက်က Negative ဖြစ်တယ်။ မြို့အဝင်မှာပဲတွေ့တာဆိုတော့ ဒီဘက်မှာတော့ contact မရှိဘူး။ သူ့မြို့မှာတော့ ရှိမှာပေါ့"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
 မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှပြန်လာသည့်မိသားစုထဲက အသက် (၂) နှစ်အရွယ်ကလေးငယ်တွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိသဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့အထိ ကုသမှုခံယူနေလျက်ရှိကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အောက်တိုဘာလ (၂၇)ရက်နေ့အထိ အတည်ပြုလူနာ (၂)ဦးရှိနေပြီး မိုင်းပျဉ်းပြည်သူ့ဆေးရုံ၌ ကုသမှုခံယူနေကြခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~