တာချီလိတ်တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်မည့် အစီအစဉ် အောက်တိုဘာလ(၁၀)ရက်နေ့ စတင်မည်

တာချီလိတ်တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်မည့် အစီအစဉ် အောက်တိုဘာလ(၁၀)ရက်နေ့ စတင်မည်
အောက်တိုဘာ 9, 2020
By Tachileik News Agency

တာချီလိတ်တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ ကျပ်(၂၀၀)သတ်မှတ်မည့် အစီအစဉ် အောက်တိုဘာလ(၁၀)ရက်နေ့ စတင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း သွားလာနေသူများ Mask (နှာခေါင်းစည်း) မတပ်ပါက ဒဏ်ငွေပေးဆောင်ရမည့်အပြင် Mask ကို ချက်ချင်းဝယ်ယူတပ်ဆင်ရမည့်အစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
"မနက်ဖြန်ကစပြီး မြို့ထဲမှာအဖွဲ့ခွဲပြီးတော့ Mask မတပ်တဲ့သူတွေကို (၂၀၀) ကျပ် ဒဏ်ရိုက်မယ်။ အဖွဲ့က (၃) ဖွဲ့ခွဲပြီး ဆောင်ရွက်မှာပေါ့။ မြို့လယ်လူစည်တဲ့နေရာတွေနဲ့ မြို့အဝင်ဂိတ်တွေမှာ အဓိကထား လုပ်ဆောင်သွားမှာပါ။ Mask တပ်မလာရင် ဒဏ်ငွေ (၂၀၀) ဆောင်ပြီးတော့ Mask ကို ချက်ချင်းဝယ်ပြီးတပ်ရမှာပါ" ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် အများပြည်သူအနေဖြင့် COVID-19 ကာကွယ်နိုင်ရန် တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက Mask တပ်ဆင်ကြရန်အသိပညာပေးခြင်းနှင့် Mask များကို အခမဲ့ဝေပေးခြင်းများအား ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြပြီးနောက် အောက်တိုဘာလ (၉)ရက်နေ့မှစ၍ လိုက်နာခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်စေသည့်အစီအစဉ်ဖြင့် ကြပ်မတ်တော့မည်ဟု သိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~