ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ KTV၊ Club၊ Bar ၊ ဘိလိယက်ခုံများ ဖွင့်ခွင့်မရှိ

ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ KTV၊ Club၊ Bar ၊ ဘိလိယက်ခုံများ ဖွင့်ခွင့်မရှိ
ဇွန် 25, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ KTV၊ Club၊ Bar ၊ ဘိလိယက်ခုံများ ဖွင့်ခွင့်မရှိ

(ရှမ်းပြည်နယ်အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်သည်)

COVID-19 ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်တွင်းမှာ ပိုးပေါင်းသန်းနဲ့ချီ ပွားများလာပြီး အသက်ရှူထုတ်လိုက်တဲ့အခါ၊ နှာချေလိုက်တဲ့အခါ သို့မဟုတ် ချောင်းဆိုးလိုက်တဲ့အခါ နှာခေါင်းနှင့် ပါးစပ်က ထွက်လာသည့် အရည် အမှုန်အမွှားများမှာ ဗိုင်းရပ်စ်ပိုး ပါဝင်နေတာဖြစ်ပါတယ်။

အကယ်၍ ဒီအရည်အမှုန်အမွှားလေးတွေဟာ တခြားသူတစ်ယောက်ရဲ့ မျက်လုံး၊ နှာခေါင်း (သို့မဟုတ်) ပါးစပ်တွေထဲ တိုက်ရိုက်ဝင်ရောက်သွားတဲ့နည်းလမ်းအပြင် ဒီအမှုန်အမွှားလေးတွေ လွင့်စင်ကျသွားတဲ့ တံခါးလက်ကိုင်၊ စားပွဲ၊ မိုက်ခရိုဖုန်း သို့မဟုတ် လက် စတဲ့ မျက်နှာပြင်တစ်ခုခုကို ထိမိသူတိုင်းကို ဗိုင်းရပ်စ်ကူးစက်ပါတယ်။

ဒါကြောင့် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ကြည်ဖို့ လမ်းညွှန်ချက်ကို စည်းကြပ်တဲ့အနေနဲ့ ရောဂါကူးစက်ခံရနိုင်ချေမြင့်တဲ့ KTV၊ Club၊ Bar၊ ဘိလိယက်ခုံတွေကို ရှမ်းပြည်နယ်အတွင်းမှာ ဒေသန္တရအမိန့်နဲ့ တားမြစ်ထားပါတယ်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~