လွိုင်ကော်မြို့ ရွှေတောင်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် Covid-19 ကူးစက်ခံထားရသူ  ရဟန်းသံဃာ(၅၂)ပါး တွေ့ရှိ၍ ကျောင်းတိုက်အား Lockdown ချ

လွိုင်ကော်မြို့ ရွှေတောင်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် Covid-19 ကူးစက်ခံထားရသူ  ရဟန်းသံဃာ(၅၂)ပါး တွေ့ရှိ၍ ကျောင်းတိုက်အား Lockdown ချ
သြဂုတ် 19, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ရွှေတောင်ကျောင်းတိုက်ဘုန်းတော်ကြီးကျောင်းတွင် Covid-19 ပိုးတွေ့ရှိသည့် ရဟန်းသံဃာ (၅၂)ပါးရှိလာပြီဖြစ်၍ ကျောင်းတိုက်အား သြဂုတ်လ (၁၉)ရက်နေ့မှစ၍  Lock down ချလိုက်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ရွှေတောင်ကျောင်းတိုက်အတွင်  သြဂုတ်လ (၁၁)ရက်နေ့မှစ၍ ယနေ့ထိ Covid-19 အတည်ပြု လူနာ (၅၂) တွေ့ရှိရပြီဖြစ်သောကြောင့် သြဂုတ်လ ၁၉)ရက်နေ့မှစ၍ ကျောင်းတိုက်အား LockDown ချလိုက်ပြီး ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရဟန်းသံဃာ ၊သမဏေ၊  လူပုဂ္ဂိုလ် များအနေဖြင့် ပြင်ပသို့ ထွက်ခွင့်မပြုဘဲ ပြင်ပတွင် ရှိနေသူများနှင့်ပါ စကားပြောဆက်သွယ်ပြုလုပ်ခွင့်မပြုကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ရွှေတောင်ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်သည့် သံဃာ (၁၉၉)ပါး ရှိကြောင်း သိရပြီး ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦစီးဌာန ၏ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ၊ ပုဒ်မခွဲ ( ခ ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ Lock Down ချရန် အမိန့်ထုတ်ပြန်ခြင်း ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေ အတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

#TachileikNewsAgency

Photo: ကယားပြည်နယ် ကြက်ခြေနီ