ကျိုင်းတုံမြို့၏ (၅၁)ရက်အတွင်း Covid-19  ကူးစက်ခံရသူ (၇၂၈)ဦး နှင့် သေဆုံးသူ (၈)ဦးရှိနေ

ကျိုင်းတုံမြို့၏ (၅၁)ရက်အတွင်း Covid-19  ကူးစက်ခံရသူ (၇၂၈)ဦး နှင့် သေဆုံးသူ (၈)ဦးရှိနေ
သြဂုတ် 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် Covid-19 တတိယလှိုင်း စတင်သည့် (၅၁)ရက်အတွင်း Covid-19 ကူးစက်ခံရသူ (၇၂၀)ကျော်အထိရှိနေပြီး ရောဂါအခံရှိ၍ ဆေးဝါးကုသမှုခံယူနေရသည့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသည့် သေဆုံးသူ (၈)ဦးအထိ ရှိလာကြောင်း သိရသည်။

ထပ်မံ သေဆုံးသွားသူမှာ အသက်(၅၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျိုင်းတုံမြို့   နောင်ကုန်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဩဂုတ်လ(၁၇)ရက်နေ့ ညက ဆေးရုံတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံကြောင့် သေဆုံးမှုအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က စတင်ပြီး ဩဂုတ်လ(၁၇)ရက်နေ့အထိ သေဆုံးသူ (၈)ဦးအထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၁၇)ရက်နေ့ ညပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၇၂၈)ဦးအထိရှိနေပြီး သတ်မှတ်ရက်ပြည့်၍ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၃၅၄)ဦးရှိကာ သေဆုံးသူမှာ (၈)ဦးရှိသွား၍ လက်ရှိတွင် ပြည်သူ့ဆေးရုံနှင့်စစ်ဆေးရုံတို့တွင် ဆေးဝါးကုသမှုခံယူနေသူများ အပါအဝင် Covid-19 သီးသန့်စောင့်ကြည့် စင်တာများတွင် (၃၆၆)ဦးအထိ ကျန်ရှိနေသေးကြောင်း သိရသည်။