ကျောက်မဲမြို့ရှိ စက်သုံးဆီသယ်ယာဉ်၏ ယာဉ်နောက်လိုက်တွင် Covid-19 ပိုးတွေ့၍ ဆက်စပ်သူ (၇)ဦးကို Quarantine ထား

ကျောက်မဲမြို့ရှိ စက်သုံးဆီသယ်ယာဉ်၏ ယာဉ်နောက်လိုက်တွင် Covid-19 ပိုးတွေ့၍ ဆက်စပ်သူ (၇)ဦးကို Quarantine ထား
နိုဝင်ဘာ 25, 2020
By Tachileik News Agency

 

ကျောက်မဲမြို့ရှိ စက်သုံးဆီသယ်ယာဉ်၏ ယာဉ်နောက်လိုက်တွင် Covid-19 ပိုးတွေ့၍ ဆက်စပ်သူ  (၇)ဦးကို Quarantine ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှ ဆီသယ်ယာဥ်၏ ယာဥ်နောက်လိုက်တွင် နိုဝင်ဘာ ၂၅)ရက် နံနက်က Covid-19 ပိုးတွေ့သဖြင့် ၎င်းနှင့်ဆက်စပ်သူ (၇)ဦးကို ကျောက်မဲမြို့၌ Quarantine ထားလိုက်ကြောင်း သိရသည်။
"ပိုးတွေ့တဲ့သူက နောင်ချိုနယ်ထဲမှာတွေ့တာ ဆိုတော့ နောင်ချိုဆေးရုံမှာ ထားတယ်၊ သူနဲ့ ပတ်သက်တဲ့ ကျောက်မဲက (၇)ဦး ကိုတော့ ကျောက်မဲ အထက (၃)မှာ Quarantine ထား ထားတယ်၊ အခု ပြောင်းသွားတဲ့ စနစ်အရ အဲ့လို Quarantine ဝင်နေသူတွေကို (၃)ရက်နေရင် Test Kits နဲ့စစ်ဆေးမှာ ဖြစ်ပါတယ်"ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။
အသက် (၃၀)အရွယ် အဆိုပါ ယာဥ်နောက်လိုက်သည် မန္တလေး - ကျောက်မဲ လမ်းကြောင်း၌ ဆီဘောက်ဆာယာဥ်ဖြင့် သွားလာနေသူဖြစ်ပြီး ယာဥ်မောင်းဖြစ်သူတွင် ပိုးမတွေ့ပဲ ၎င်းတွင်ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ (၂၃)ရက်က နောင်ချိုမြို့နယ်ရှိ ခြေမြစ်ပင် ကိုဗစ်စစ်ဆေးရေးဂိတ်အား ဖြတ်သန်းစဥ် RTD Test Kits ဖြင့်စစ်ဆေးရာ ပိုးမတွေ့ခဲ့ဘဲ မန္တလေးမှ ပြန်လာသည့် နိုဝင်ဘာလ(၂၅)ရက်နေ့၌ စစ်ဆေးသောအခါ Covid-19 ပိုးတွေ့ရခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~