တာချီလိတ်မြို့ တစ်မြို့လုံး ဒီဇင်ဘာလ(၂၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့ တစ်မြို့လုံး ဒီဇင်ဘာလ(၂၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့ တစ်မြို့လုံး ဒီဇင်ဘာလ(၂၂)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပြတ်တောက်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ပို့လွှတ်နေသည့် ဓာတ်အားလိုင်းကို ထိုင်းနိုင်ငံဘက်က ပြုပြင်မည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့၌ နံနက် (၇)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက် အပါအဝင် မြို့ပြင် လွယ်တော်ခမ်းကျေးရွာအုပ်စု။ မိုင်းဖုန်း(က၊ခ)ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်ဖြစ်သည်။
ယင်းကဲ့သို့ ထိုင်းဘက်က လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားစဉ်ကာလအတွင်း တာချီလိတ်မြို့ မီးလင်းရေးကော်မတီနှင့် မီးလင်းရေး(ရုံးခွဲ)တို့မှ မြို့နယ်တွင်း ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းများ ဆောလျင်စွာပြီးစီးပါက ကြေညာထားသည့်အချိန်ထက်စော၍ လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~