တာချီလိတ်ဆေးရုံသို့ ပန်ဆန်းမှလာရောက်ပြီး သေဆုံးသွားသည့် လူနာ အပါအဝင် ဆက်စပ်သူ (၃)ဦးတို့ကို COVID 19 ဓါတ်ခွဲ စစ်ဆေးမည်

တာချီလိတ်ဆေးရုံသို့ ပန်ဆန်းမှလာရောက်ပြီး သေဆုံးသွားသည့် လူနာ အပါအဝင် ဆက်စပ်သူ (၃)ဦးတို့ကို COVID 19 ဓါတ်ခွဲ စစ်ဆေးမည်
မေ 24, 2020
By Tachileik News Agency
တာချီလိတ်ဆေးရုံသို့ ပန်ဆန်းမှလာရောက်ပြီး သေဆုံးသွားသည့် လူနာ အပါအဝင် ဆက်စပ်သူ (၃)ဦးတို့ကို  COVID 19 ဓါတ်ခွဲ စစ်ဆေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပန်ဆန်းမှ အဆုတ်ရောဂါဖြင့်ရောက်လာသည့် လူနာတစ်ဦး ၂၀၂၀ ခုနှစ်၊ မေလ (၂၄)ရက်နေ့ နံနက်ပိုင်းက  ဆေးရုံသို့ရောက်ရှိစဉ် သေဆုံးသွားသဖြင့် လူနာ၊ လူနာစောင့်နှင့် ယာဉ်မောင်းတို့ကို COVID 19 ဓါတ်ခွဲနမူနာရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မနေ့က ပန်ဆန်းဘက်က အသက် (၇၀)လောက် အမျိုးသားလူနာကို ကျိုင်းတုံကိုလွှဲပြောင်းထားတာကို ဒီဘက်ရောက်လာတယ်။ သူတို့က ဟိုဘက်ကမ်းသွားမယ်ဆိုပြီး လာကြတယ်ပြောတယ်။ ညကျတော့ ဟိုဘက်ကမ်းကူးမရလို့ ဆေးရုံမှာ တစ်ညလောက်အိပ်ချင်လို့ဆိုပြီး လာတယ်။  ဒီလူနာက ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုတော့ ကျွန်တော်တို့ဆေးရုံမှာ PUI သတ်မှတ်ပြီး သီးခြားကုသမှရမယ်။ တစ်ညအိပ်တော့ မရဘူးဆိုတော့ ကျိုင်းတုံဆေးရုံသွားမယ်ဆိုပြီး ပြန်သွားကြတယ်။ နောက်မနက်ရောက်တော့ ရောဂါဆိုးလာလို့ဆိုပြီး ဆေးရုံရောက်လာတော့ အသက်က ပါမလာတော့ဘူး။ သူတို့က ပန်ဆန်းဘက်ကလာတယ်။ ဓါတ်မှန်ကလည်း တရုတ်စာတွေနဲ့ဆိုတော့ တရုတ်ဘက် သွားခဲ့သလားတော့မသိဘူး။ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အဆုတ်ထဲက သွေးထွက်တဲ့ပုံရယ် ၊ ဝမ်းသွားတာရယ်ဆိုတော့ ဓါတ်ခွဲနမူနာယူစစ်ဖို့ ဆုံးဖြတ်တယ်။ အတူလာတဲ့ သူ့တူမနဲ့ ကားမောင်းပေးတဲ့သူကိုလည်း Facility Quarantine ထားပြီးတော့ သူတို့ကိုပါ ဓါတ်ခွဲနမူနာ ယူလိုက်တယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် လက်ရှိ ဓါတ်ခွဲနမူနာပေးပို့မည့် (၃)ဦးသာရှိပြီး ယခင်က ဓါတ်ခွဲပို့စစ်ထားသည့် PUI လူနာများမှာ COVID 19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် သံသယလူနာအဖြစ် ကုသပေးနေပြီး ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားသည့် မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း ကျန်းမာလာပြီဖြစ်၍ မေလ (၂၄)ရက်နေ့၌ ဆေးရုံဆင်းပြီဖြစ်ရာ ရေကြောင်းရဲတပ်ဖွဲ့တွင် Quarantine ဝင်နေရသည့် တပ်ဖွဲ့ဝင်များလည်း Quarantine ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~