တာချီလိတ်တွင် ထိုင်းနိုင်ငံက ပြန်ရောက်လာသူ အပါအဝင် (၁၂၇)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဓါတ်ခွဲစစ်ဆေးရန် ရယူထား

တာချီလိတ်တွင် ထိုင်းနိုင်ငံက ပြန်ရောက်လာသူ အပါအဝင် (၁၂၇)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဓါတ်ခွဲစစ်ဆေးရန် ရယူထား
ဇွန် 16, 2020
By Tachileik News Agency
တာချီလိတ်တွင် ထိုင်းနိုင်ငံက ပြန်ရောက်လာသူ အပါအဝင် (၁၂၇)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဓါတ်ခွဲစစ်ဆေးရန် ရယူထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်က ရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၁၂၃)ဦး အပါအဝင် ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားသူ (၄) ဦး စုစုပေါင်း (၁၂၇)ဦးတို့၏ ဓာတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက ယူထားပြီဖြစ်ကြောင်း သိရသည်။

“မနေ့က ဝင်တာက (၁၂၃)ယောက်၊ ဆေးရုံမှာရှိတာက မိန်းကလေး (၂)ယောက်၊ ယောက်ျားလေး (၂)ယောက် စုစုပေါင်း (၁၂၇)ယောက် ဒီနေ့ ဓာတ်ခွဲနမူနာယူထားပြီးပြီ”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ၂၀၂၀ခုနှစ် ဇွန်လ (၁၅)ရက်နေ့က လက်ခံထားသည့် ထိုင်းနိုင်ငံဘက်က ပြစ်ဒဏ်စေ့လွှဲပြောင်းပေးလာသူ (၁၉)ဦးနှင့် ပြည်တော်ပြန် (၁၀၄)ဦးတို့ကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ အသွားအလာ ကန့်သတ်ထားရှိပြီး ယနေ့ ပေးပို့လိုက်သည့် ဓာတ်ခွဲအဖြေရပါက နေရပ်အသီးသီးသို့ ပြန်ခွင့်ပေးမည်ဖြစ်သည်။

တာချီလိတ်သို့ နယ်စပ်မှ ဖြတ်၍ ဝင်ရောက်လာသူများကို ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းပြုလုပ်နေရာ မယ်ဆိုင်ဘက်မှ ဆေးကုသပြီး ပြန်လာသူ (၄)ဦးကို ဆေးရုံတွင် အသွားအလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားခြင်းဖြစ်သည်။

ယနေ့ ဓါတ်ခွဲနမူနာရယူထားသည့် (၁၂၇)ဦးထဲမှ (၁၂၃)ဦး အပါအဝင် ဇွန်လ(၁၀)ရက်နေ့က စ၍ ဓါတ်ခွဲအဖြေစောင့်နေသည့် (၆၄)ဦး စုစုပေါင်း (၁၈၇)ဦးတို့ကို တာချီလိတ်မြို့ မိုးကုတ်တရားရိပ်သာရှိ facility quarantine center တွင် ထားရှိ စောင့်ရှောက်ပေးထားခြင်း ဖြစ်သည်။

၂၀၂၀ခုနှစ် ဇွန်လ(၁၆)ရက်နေ့အထိ  Facility Quarantine Center တွင် ထားရှိသည့် (၁၈၇)ဦး အပါအဝင် Hospital Quarantine မှ (၄)ဦး နှင့် Facility Quarantine Center တွင် ကျန်းမာရေးစစ်ဆေးပေးနေသည့် (၅)ဦး နှင့် ကြက်ခြေနီတပ်ဖွဲ့မှ (၅)ဦး အပါအဝင် စုစုပေါင်း (၂၀၁)ဦးသည် ဓါတ်ခွဲအဖြေများကို စောင့်နေကြခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~