ကျောက်မဲမြို့နယ်တွင်းမှ လူမှုကူညီရေးအသင်းများ COVID 19 အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ကျောက်မဲမြို့နယ်တွင်းမှ လူမှုကူညီရေးအသင်းများ COVID 19 အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ 24, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်တွင်းမှ လူမှုကူညီရေးအသင်းများ COVID 19 အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းမှ လူမှုကူညီရေးအသင်းများအနေဖြင့် quarantine ထားရမည့်သူများနှင့် အရေးပေါ်လူနာများ ပို့ဆောင်ရာတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက် လိုက်နာရေးအတွက် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့၌ တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။
“အချို့လူမှုကူညီရေးအသင်းတွေက quarantine ထားဖို့ ပို့ရမယ့်သူတွေကို ပို့ဆောင်တဲ့အခါ အကာအကွယ် ဝတ်ဆင်မှု အားနည်းနေတာကို တွေ့ရတယ်။ အဲဒီလိုကနေတစ်ဆင့် ကူးစက်မှုတွေ မဖြစ်အောင် သတိထားကြဖို့ရယ်၊ မြို့ထဲကနေ တစ်ခြားမြို့ကို လူနာပို့ဆောင်တဲ့အခါ လိုက်နာရမယ့် အချက်တွေကို ဆွေးနွေးခဲ့တာပါ”ဟု  ကျောက်မဲခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာ နန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူမှုကူညီရေးအသင်းများအနေဖြင့် ပုံမှန်ကူညီနေကြဖြစ်သည့် အရေးပေါ်လူနာများအား ပို့ဆောင်ပေးခြင်း အပြင် COVID 19 ကာလ၌ stay at home ဒေသများမှ လာသူများကို မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များမှ တစ်ဆင့် quarantine center များသို့ ပို့ဆောင်ခြင်းကိုပါ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပို့ဆောင်ရာတွင် ရှေ့ခန်းနှင့် နောက်ခန်း သီးသန့်ကန့်ထားသည့် လူနာတင်ယာဉ် မောင်းနှင်သူများအနေဖြင့် Level 2 အဆင့် Apron ဝတ်ဆင်ထားရမည့်အပြင် N95 Mask နှင့် Face Shield တို့ကိုလည်း ဝတ်ဆင်ရမည်ဖြစ်သည်။
ယင်းအပြင် လူနာတင်ယာဉ်များကို COVID 19 ကာလအတွင်း အရေးပေါ်လူနာပို့ဆောင်ခြင်းနှင့် quarantine ထားသူများအား ပို့ဆောင်ခြင်းမှလွဲ၍ အခြားကိစ္စများအတွက် လူတင်ဆောင်ခြင်းမပြုလုပ်ရန်၊ အခြားမြို့များသို့  မဖြစ်မနေ အရေးပေါ်လူနာ ပို့ဆောင်ရာတွင်လည်း လမ်းတစ်လျှောက်တွင် ယာဉ်ရပ်နားခြင်း၊ ယာဉ်ပေါ်မှ ဆင်းသက်ခြင်း မပြုလုပ်ကြရန် ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်ကော်မတီက လမ်းညွှန်ထားသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~