မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံး ပျက်စီးဆုံးရှုံးကာ (၆၁)ဦး လေဘေးသင့်

မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံး ပျက်စီးဆုံးရှုံးကာ (၆၁)ဦး လေဘေးသင့်
ဧပြီ 24, 2020
By Tachileik News Agency

မိုင်းဆတ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံး ပျက်စီးဆုံးရှုံးကာ (၆၁)ဦး လေဘေးသင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း ဧပြီလ (၂၃)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားသည့်  လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၄)လုံးပျက်စီးဆုံးရှုံးကာ လေဘေးသင့် ပြည်သူ (၆၁)ဦးရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဧပြီလ(၂၃)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဆတ်မြို့နယ်အတွင်းရှိ မယ်ပုလုံကျေးရွာအုပ်စု၊ မယ်ကျန်းကျေးရွာတွင် သွပ်မိုးအုတ်ညှပ်နေအိမ် (၂)လုံးနှင့်သွပ်မိုးဝါးထရံကာနေအိမ် (၉)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်အတွင်းဖြစ်သည့် မအို့ကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာတွင် အုတ်ညှပ်၊ သွပ်မိုး တစ်ထပ်အိမ်(၁)လုံး၊ ဆန်ကန်ကျေးရွာအုပ်စု၊ ဟိုဟွေ့ကျေးရွာတွင် သွပ်မိုး၊ ဝါးထရံကာနေအိမ်တစ်လုံး နှင့် သက်ကယ်မိုး၊ ဝါးထရံကာနေအိမ် တစ်လုံးပျက်စီး ဆုံးရှုံးခဲ့ရကြောင်း နှင့် လားဟူစာပေနှင့် ယဉ်ကျေးမှုခန်းမ(ယာယီ)ဆောင်သွပ်မိုး၊ ဝါးထရံကာလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့် တိရိစာ္ဆန် ထိခိုက်ဆုံးရှုံးမှုမရှိသော်လည်း ဖြစ်ပေါ်လာသည့် လေဘေးသင့် ပြည်သူ(၆၁)ဦးအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်တွင် ခေတ္တနေရာချထားပေးကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - မြင့်မောင်( မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~