လေသေနတ်ဖြင့် ငှက်ကိုပစ်ခတ်ရာမှ ကလေးငယ်တစ်ဦးကို ထိမှန်သွား၍ ဖမ်းဆီး

လေသေနတ်ဖြင့် ငှက်ကိုပစ်ခတ်ရာမှ ကလေးငယ်တစ်ဦးကို ထိမှန်သွား၍ ဖမ်းဆီး
ဇွန် 17, 2020
By Tachileik News Agency
လေသေနတ်ဖြင့် ငှက်ကိုပစ်ခတ်ရာမှ ကလေးငယ်တစ်ဦးကို ထိမှန်သွား၍ ဖမ်းဆီး 

လေသေနတ်ဖြင့် ငှက်ကိုပစ်ခတ်ရာမှ အသက်(၃)နှစ်အရွယ် မိန်းကလေးငယ်၏ ရင်ညွန့်အောက်ပိုင်းကို ထိမှန်၍ လိုင်စင်မဲ့လေသေနတ် ကိုင်ဆောင်သူအား ဇွန်လ(၁၆)ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ ရုံးရပ်တောင်ပိုင်းရပ်ကွက်နေ အသက်(၃၁)နှစ်အရွယ်ရှိ သန်းစိုးအောင်ဆို သူသည် ၂၀၂၀ခုနှစ် ဇွန်လ(၁၅)ရက် ညနေ (၅)နာရီခွဲဝန်းကျင်အချိန်က  ၎င်းပိုင် လေသေနတ်ဖြင့် ကန္တာရပင်ပေါ်ရှိ ကျီးငှက်အား ပစ်ခတ်ရာမှ  တာပေါင်ပေါ်တွင်ထိုင်နေသော မိခင်ဖြစ်သူ၏ ပေါင်ပေါ်၌ ဂိမ်းဆော့နေသည့် အသက်(၃)နှစ်အရွယ်ရှိ မငုဝါလင်း ၏ ဝဲဘက်ရင်ညွန့်အောက်သို့ ထိမှန်ဖောက်ဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသွားသူ မငုဝါလင်းအား မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကလေးငယ်၏ အသက် အန္တရာယ်ကို စိုးရိမ်ရသည်အထိ လိုင်စင်မဲ့လေသေနတ်အား ပေါ့ဆစွာ ကိုင်ဆောင်အသုံးပြုသူ သန်းစိုးအောင်အား ဇွန်လ(၁၆)ရက်နေ့က မင်းလှမြို့မရဲစခန်းမှ (ပ)၂၂၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈။ (ပ)၂၂၈/၂၀၂၀၊ လက်နက် ၁၉(စ)ဖြင့်  အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~