ကယားပြည်နယ်အတွင်း ဒီးမော့ဆိုတွင် လူမှုရေးကိစ္စကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားပြီး အလောင်းအား ဂူအတွင်းသို့ သွားရောက် စွန့်ပစ်ထားသည့် တရားခံ (၄)ဦးကို ဖမ်းဆီးရမိ

ကယားပြည်နယ်အတွင်း ဒီးမော့ဆိုတွင် လူမှုရေးကိစ္စကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားပြီး အလောင်းအား ဂူအတွင်းသို့ သွားရောက် စွန့်ပစ်ထားသည့် တရားခံ (၄)ဦးကို ဖမ်းဆီးရမိ
နိုဝင်ဘာ 26, 2020
By Tachileik News Agency
ကယားပြည်နယ်အတွင်း ဒီးမော့ဆိုတွင် လူမှုရေးကိစ္စကြောင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားပြီး အလောင်းအား ဂူအတွင်းသို့ သွားရောက် စွန့်ပစ်ထားသည့် တရားခံ (၄)ဦးကို ဖမ်းဆီးရမိ 
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ပတိုငံကျေးရွာတွင် ရွာသား(၄)ဦးမှ အခြားရွာမှလာရောက်သူ အမျိုးသားတစ်ဦးအား လူမှုရေးဖောက် ပြန်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ လူသတ်မှုကျူးလွန်ခဲ့ပြီး အလောင်းအား ရွာအနောက်ဖက်ရှိ ဂူအတွင်း သွားရောက်ပစ်ထားမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 
ဒီးမော့ဆိုမြို့နယ် ၊ ခေါက်ပလော့ ကျေးရွာနေ ဦးခွန်စိုးနိုင်မှာ  ၎င်းနှင့် ပတ်သက်နေသည့်ဟုဆိုသည့် အမျိုးသမီး နေထိုင်ရာ ပတိုငံကျေးရွာသို့ သွားရောက်ရာ ပြန်လာခြင်း မရှိသောကြောင့် ဦးခွန်စိုးနိုင်၏ သားဖြစ်သူမှ ကူညီစုံစမ်းပေးရန် နိုဝင်ဘာလ (၂၆)ရက်နေ့မနက်တွင် ဒီးမော့ဆိုမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 
ဆက်လက်၍ ရဲတပ်ဖွဲ့ ၊ ပတိုငံကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တိုင်တန်းသည့် သားဖြစ်သူတို့မှ ကျေးရွာတွင်စုံစမ်းခဲ့ရာ နိုဝင်ဘာလ (၂၄)ရက်နေ့ ည (၇)နာရီခန့်က ဦးဘီဇင်းရှို၏ နေအိမ်တွင် ရွာသား (၄)ဦးနှင့် စကားများရန်ဖြစ်ခဲ့ကြောင်း စစ်ဆေးသိရှိရခြင်းဖြစ်သည်။ 
အဆိုပါ ရွာသား (၄)ဦးအားခေါ်ယူ စစ်ဆေးရာ ၎င်းတို့မှ အရက်သေစာသောက်စားကာ ဦးခွန်စိုးနိုင်အား ဦး.....၏ ဇနီး ဖြစ်သူနှင့် လူမှုရေးဖောက်ပြန်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများကာ ဦးခွန်စိုးနိုင်အား နေအိမ်ပေါ်မှ ဆွဲခေါ်၍  ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့ပြီး ရွာအနောက်ဘက်သို့ ဆွဲခေါ်လာစဉ် လမ်းတွင် သေဆုံးသွားသဖြင့် ရွာ၏ အနောက်ဘက်(၂)မိုင်ခန့်အကွာ တောင်ခြေရှိ ဂူအတွင်းပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 
အ​လောင်းအား ပစ်ချခဲ့သော ဂူသို့သွားရောက်ခဲ့ရာ ဦးခွန်စိုးနိုင်မှာ မျက်ခုံး ဝဲ/ယာတွင်  နှစ်လက်မခန့်ပေါက်ပြဲဒဏ်ရာ ၊ ဦးခေါင်းယာဘက်ဂျိုးစောင်း ချိုင့်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဒူးခေါင်း ရိုးကျိုး၊ ဝဲခြေသလုံးစုတ်ပြဲ၊ ယာလက်ဖျံစုတ်ပြဲ၊ မေးရိုး (၂)လက်မခန့် ပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ​ပြီး  အလောင်းအား ရဲဆေးစာဖြင့် ဒီးမော့ဆိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဦးခွန်စိုးနိုင်အား သေဆုံးသည်အထိ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့သူများဖြစ်သည့် ပီတာ(ခ)ပီတယ်မီရယ်၊ ဘိုးရယ်(ခ) ရီးနို၊ ဆိုတေရို (ခ) နဲနယ်၊ ဘီဗျားနိုတို့(၄)ဦးအား ဒီးမော့ဆိုမြို့မရဲစခန်းမှ (ပ)၄၂/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ -၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~