ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရပြီးနောက် အာဏာသိမ်းအဖွဲ့က မြို့တွင်း စစ်ဆေးမှုများ လုပ်ဆောင်နေ

ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရပြီးနောက် အာဏာသိမ်းအဖွဲ့က မြို့တွင်း စစ်ဆေးမှုများ လုပ်ဆောင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရပြီးနောက် မြို့တွင်း လမ်းဆုံလမ်းခွများကို ပိတ်ဆို့၍ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက လမ်းသွားလမ်းလာများ၏ ဖုန်းများကို စစ်ဆေးနေသည်ဟု သိရသည်။

ကျောက်မဲမြို့  ဗဟို‌ဈေး တောင်ဘက်တိုက်တန်းအနီးရှိဘဏ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်တွင် ဓါးမြတိုက်ခံရပြီးနောက် ကျောက်မဲမြို့တွင်း ရန်ကင်း ရပ်ကွက်၊ တိလင်၊ အုတ်ကျင်း၊ ဗဟိုစျေး အနီးနှင့် လမ်းဆုံ လမ်းခွများတွင် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦးသည် မာခ်တူးကား အဖြူရောင်ဖြင့် ဘဏ်သို့ရောက်လာကာ တစ်ဦးတည်း သေနတ်တိုတစ်လက်ဖြင့် ဓါးပြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဓါးပြတိုက်ခံရပြီးနောက် 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲများ ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်စပ်သတင်း

ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓါးမြတိုက်ခံရ