ကျိုင်းတုံမြို့နယ်အတွင်း ICE မူးယစ်ဆေး (၃၃၆)ကီလို နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ကျိုင်းတုံမြို့နယ်အတွင်း ICE မူးယစ်ဆေး (၃၃၆)ကီလို နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ
ဇန်နဝါရီ 26, 2020
By Tachileik News Agency

ကျိုင်းတုံမြို့နယ်အတွင်း  ICE မူးယစ်ဆေး (၃၃၆)ကီလို နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ကတ်တောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများ အမြောက်အများ အပါအဝင် လက်နက်ခဲယမ်းများဖြင့် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိ၍ ကွင်းဆက်ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကတ်တောင်ကျေးရွာတွင် ကတ်ထိုက်ကျေးရွာဘက်မှ ကတ်တောင်ကျေးရွာဘက်သို့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်အချိန်က လောတာ မောင်းလာပြီး လီဆူ လိုက်ပါလာသည့် မော်တော်ယာဉ်အား  ပူးပေါင်းအဖွဲ့မှ ရပ်တန် စစ်ဆေးရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ မော်တော်ယာဉ်အတွင်း ရှာဖွေစစ်ဆေးရာ အိုက်စ် အလေးချိန်စုစုပေါင်း (၃၃၆)ကီလို နှင့် M-22 သေနတ် (၁ )လက်၊ ၎င်းကျည်အိမ် (၃)ခု၊ ၎င်းကျည် (၇၅)တောင့် အပြင် စကားပြောစက် (၁)လုံး နှင့် လက်ကိုင်ဖုန်း (၂)လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိပြီး မောင်းလာသည့် မော်တော်ကားကိုပါ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသည့် အသက်(32)နှစ် ဝန်းကျင်ရှိ လောတာ နှင့် အသက်(၃၀)နှစ် ဝန်းကျင်ရှိ လီဆူတို့အား ဖမ်းဆီးထားရှိပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကာ ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်ရမိရေးအတွက် ကြိုးပမ်းနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~