နယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း နေရပ်သို့ မပြန်နိုင်သေး၍ ဗီဇာဖြင့် နေထိုင်သည့် နိုင်ငံခြားသား (၈၆၅)ဦးရှိနေ

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း နေရပ်သို့ မပြန်နိုင်သေး၍ ဗီဇာဖြင့် နေထိုင်သည့် နိုင်ငံခြားသား (၈၆၅)ဦးရှိနေ
ဇွန် 19, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း  နေရပ်သို့ မပြန်နိုင်သေး၍ ဗီဇာဖြင့် နေထိုင်သည့် နိုင်ငံခြားသား (၈၆၅)ဦးရှိနေ

ထိုင်း၊ လာအိုနိုင်ငံများနှင့် နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးနှင့်ရောက်ရှိနေသည့် တတိယနိုင်ငံသားနှင့် အိမ်နီးချင်းနိုင်ငံများမှ တရားဝင် ဝင်ရောက်လာသူ (၈၆၅) ဦးမှာ COVID-19 ကာလအတွင်း နယ်စပ်ဖြတ်သန်းခွင့်များ ပိတ်ထားသဖြင့် တရားဝင် ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်နေကြောင်း သိရသည်။

တတိယနိုင်ငံသားတွေက တစ်ယောက်စ၊ နှစ်ယောက်စပဲ။ အများဆုံးကတော့ တရုတ်၊ ထိုင်းနဲ့ မလေးပေါ့။ COVID ကာလဆိုတော့ ပြန်မရလို့နေတာပေါ့။ ဟိုတယ်တို့ ဘာတို့မှာ Form C တိုင်ပြီးနေတာပေါ့။ ဗီဇာသက်တမ်းကျော်တဲ့သူတွေကိုတော့ သူတို့ပြန်ရင် သက်တမ်းကျော်တဲ့  သက်တမ်းအလိုက် နိုင်ငံတော်ကို ဒဏ်ကြေးဆောင်စေတာကို သက်ဆိုင်တဲ့ လဝကဌာနက ဆက်ပြီး ဆောင်ရွက်ပေးမှာပေါ့

ဟု လဝကမှ  တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်တွင် လက်ရှိ တရားဝင် ဧည့်စာရင်းတိုင်၍ နေထိုင်သည့် တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ တောင်အာဖရိက၊ ကမ္ဘောဒီးယား၊ သြစတေးလျ၊ ယူကရိန်း၊ ကွန်ဂို၊ ရုရှား၊
စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံသား စုစုပေါင်း အမျိုးသား (၆၇၉)ဦးနှင့် အမျိုးသမီး (၁၈၆) ဦးရှိသည့်အနက် တရုတ်နိုင်ငံသား (၅၀၀) ကျော်၊ ထိုင်းနိုင်ငံသား (၁၀၀) ကျော်နှင့် မလေးရှားနိုင်ငံသား (၉၀) ကျော် ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်က Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားအား ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က ပိတ်လိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်မှ တဆင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများမှာ တာချီလိတ်တွင် ယခုလို နေကြခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~