တာချီလိတ်မြို့နယ်တွင်းမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် ကျန်ခဲ့၍ ထပ်မံလျှောက်ထားသူများ ရပ်/ကျေးရုံးများတွင် မဲဆန္ဒရှင်သက်သေခံလက်မှတ် လာရောက် ထုတ်ယူနိုင်

တာချီလိတ်မြို့နယ်တွင်းမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် ကျန်ခဲ့၍ ထပ်မံလျှောက်ထားသူများ ရပ်/ကျေးရုံးများတွင် မဲဆန္ဒရှင်သက်သေခံလက်မှတ် လာရောက် ထုတ်ယူနိုင်
နိုဝင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်တွင်းမှ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွင် ကျန်ခဲ့၍ ထပ်မံလျှောက်ထားသူများ ရပ်/ကျေးရုံးများတွင် မဲဆန္ဒရှင်သက်သေခံလက်မှတ် လာရောက် ထုတ်ယူနိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းတွင်ကျန်ခဲ့၍ မဲစာရင်းထပ်မံလျှောက်ထားသူများ အနေဖြင့်  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့အထိ ထုတ်ပေးနေသည့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒုတိယအကြိမ်က ဖြည့်စွက်လျှောက်ထားပြီးဖြစ်ရင် အခုရပ်ကျေးရုံးတွေမှာ ထုတ်ပေးနေတဲ့ voter slip (မဲဆန္ဒရှင်အသိအမှတ်ပြုလက်မှတ်) သွားထုတ်လို့ရတယ်။ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကတော့ ရွေးကောက်ပွဲနေ့မတိုင်မီ ကပ်ပေးမှာဆိုတော့ သက်ဆိုင်ရာ ရပ်/ကျေးရုံးတွေမှာ သွားကြည့်လို့ရပါပြီ။”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၆)ရက်နေ့တွင် ပြောသည်။
မဲပေးမည့်နေ့တွင် ဆန္ဒမဲ လက်မှတ်ထုတ်ယူရာ၌ လွယ်ကူမြန်ဆန်စေရန် ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်အမှတ်စဉ်နံပါတ်မျာ းပါဝင်သည့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို နိုဝင်ဘာလ (၇)ရက်နေ့ ညနေပိုင်းအထိ ထုတ်ပေးနေခြင်းဖြစ်သည်။
“ကျွန်တော်တို့ရုံးမှာ မနေ့ကအထိ ကြိုတင်ဆန္ဒမဲပေးတာဆိုတော့ မဲဆန္ဒရှင်သက်သေခံလက်မှတ်က ဒီနေ့မှ စထုတ်ပေးတယ်။ ဒီနေ့ တစ်နေကုန်ပေးမယ်။ မနက်ဖြန် တစ်နေကုန်ပေးမယ်။ အကယ်၍ ကျန်ခဲ့သူရှိရင် မဲပေးမယ့်နေ့မီအောင် အိမ်တိုင်ရာရောက်ပေးမယ်။”ဟု မယ်ခေါင်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မဲဆန္ဒရှင်များအနေဖြင့်  နိုဝင်ဘာလ (၈) ရက်နေ့၌ မိမိတို့မဲပေးရမည့် မဲရုံသို့သွားရာတွင် မဲဆန္ဒရှင်လက်မှတ်အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ယာယီထောက်ခံစာကိုပါ ယူဆောင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~