တာချီလိတ်မြို့ရှိ စွမ်းမိုတယ်တွင် အွန်လိုင်းဂိမ်းလုပ်ကိုင်နေသူ( ၂၀)ကျော် ဖမ်းခံရပြီး  ဖြစ်စဉ်ကို စစ်တပ်နှင့်ရဲက အထက်ဌာနသို့ မတင်ပြဘဲ အစဖျောက်

ဖမ်းဆီးသည့် ပုံမရ၍ အစားထိုး ဖော်ပြထားပါသည်။
ဖမ်းဆီးသည့် ပုံမရ၍ အစားထိုး ဖော်ပြထားပါသည်။
တာချီလိတ်မြို့ရှိ စွမ်းမိုတယ်တွင် အွန်လိုင်းဂိမ်းလုပ်ကိုင်နေသူ( ၂၀)ကျော် ဖမ်းခံရပြီး  ဖြစ်စဉ်ကို စစ်တပ်နှင့်ရဲက အထက်ဌာနသို့ မတင်ပြဘဲ အစဖျောက်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်းလုပ်ငန်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့က အထက်ဌာနသို့ သတင်းအချက်အလက် မပို့ဘဲ အစဖျောက်ထားသည်ဟု သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ စွမ်းမိုတယ်တွင် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ ညပိုင်းက ဧည့်စာရင်း စစ်မည်ဟုဆိုကာ တာချီလိတ်တပ်နယ် နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက်စစ်ဆေးရာက အွန်လိုင်းဂိမ်းလုပ်ငန်း လုပ်ကိုင်နေသည်ကို တွေ့ရ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများတွင် အဆိုပါ ဟိုတယ်တွင် အွန်လိုင်းဂိမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် လူငယ် (၂၅)ဦး ကို ဖမ်းဆီးရမိပြီး ကွန်ပျူတာ အလုံးအရေအတွက် စုစုပေါင်း (၃၀၀)ကျော် နှင့် ကား(၃)စီး ဖုန်း(၄၀)ဝန်းကျင်တို့ကို သိမ်းမိသည်ဟု သိရသည်။

" ရဲ နဲ့ စစ်တပ်ပေါင်းပြီး ဒီကိစ္စကို အထက်အဆင့်ဆင့် တင်ပြတာမရှိဘူးလို့ သိရတယ်။ သူတို့တွေ အပေးအယူလုပ်ပြီး ညှိလိုက်ကြတယ်ထင်တယ်။  စစ်တပ်နဲ့ရဲ မပတ်သက်တာ မရှိဘူး။ တစ်နည်းနည်းတော့ ပတ်သက်နေကြတယ်။"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ပြောပြသည်။

အဆိုပါ ဖြစ်စဉ်ကို သတင်းဖော်ပြထားသည့် တာချီလိတ်မြို့မှ သတင်း Page တခုကလည်း ရဲနှင့်စစ်တပ်က ဖြုတ်ချခိုင်း၍ ချက်ချင်း ဖြုတ်ချပေးလိုက်ရသည်ဟုလည်း သိရသည်။

 တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ နှင့် စစ်တပ်တို့၏  အဂတိလိုက်စားမှု ဝင်ငွေအဖြစ် လောင်းကစားလုပ်ငန်းများရှင်များထံက လစဉ် ရရှိနေခြင်း ဖြစ်သည်။