တာချီလိတ် - မိုင်းဆတ် လမ်းပေါ်တွင် မိုင်းဆတ်ဘက်မှလာသည့် အမျိုးသား(၂)ဦးထံက စိတ်ကြွဆေး (၃)သိန်း ဖမ်းမိ

တာချီလိတ် - မိုင်းဆတ် လမ်းပေါ်တွင် မိုင်းဆတ်ဘက်မှလာသည့် အမျိုးသား(၂)ဦးထံက စိတ်ကြွဆေး (၃)သိန်း ဖမ်းမိ
မေ 8, 2020
By Tachileik News Agency

တာချီလိတ် - မိုင်းဆတ် လမ်းပေါ်တွင် မိုင်းဆတ်ဘက်မှလာသည့် အမျိုးသား(၂)ဦးထံက စိတ်ကြွဆေး (၃)သိန်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းပေါ်တွင် မိုင်းဆတ်မြို့ဘက်ကလာသည့် အမျိုးသားနှစ်ဦးအား စိတ်ကြွဆေးပြား(၃)သိန်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - မိုင်းဆတ်သွား ကားလမ်းပေါ်တွင် ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် မေလ(၇)ရက်နေ့ နေ့လည်ပိုင်းက စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းဆတ် ဘက်မှ တာချီလိတ်မြို့ဘက်သို့ လီဗု မောင်းနင်လာပြီး လော်ညီး လိုက်ပါလာသည့် မော်တော်ကားအား ရပ်တန့် စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် အဆိုပါ ယာဉ်အတွင်းမှ ဆာလာအိတ်များအား ဖွင့်ဖောက် စစ်ဆေးရာက ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃)သိန်းကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၁)နှစ်ရှိ လီဗု နှင့် အသက်(၂၂)နှစ်ရှိ လော်ညီးတို့ (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်ရမိရေးအတွက် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~