ဟဲဟိုးေလဆိပ္မွ တာခ်ီလိတ္ေလဆိပ္သို႔ ေက်ာက္မ်က္မ်ား ပို႔ေဆာင္ေပးသူကို တာခ်ီလိတ္သို႔ ဖမ္းဆီးေခၚေဆာင္လာကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေန

ဟဲဟိုးေလဆိပ္မွ တာခ်ီလိတ္ေလဆိပ္သို႔ ေက်ာက္မ်က္မ်ား ပို႔ေဆာင္ေပးသူကို တာခ်ီလိတ္သို႔ ဖမ္းဆီးေခၚေဆာင္လာကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေန
ဇွန် 16, 2019
By Tachileik News Agency

ျမန္မာ-ထိုင္းနယ္စပ္ တာခ်ီလိပ္ေလဆိပ္သို႔ ၂၀၁၉ ခုနွစ္ ဇြန္လ (၁၃) ရက္ေန႔တြင္ ဆိုက္ေရာက္လာေသာ Air KBZ ေလယာဥ္ျဖင့္ ပါရိွလာသည့္ပစၥည္းမ်ားကို X-Ray စက္ျဖင့္စစ္ေဆးမႈမ်ားျပဳလုပ္ရာတြင္ စကၠဴဖာအတြင္းမွ ပတၱျမားႏွင့္ မဟူရာဟု ယူဆရေသာ ေက်ာက္အရိုင္းတံုးမ်ား ေတြ႕ရိွခဲ့ရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မွ ပစၥည္းလက္ခံသူ မအမ္းဆိုသည့္အမ်ိဳးသမီးကို အမႈဖြင့္ အေရးယူထားၿပီးေနာက္ ဟဲဟိုးေလဆိပ္မွ ပို႔ေဆာင္ေပးသူ ဦးျမင့္ေအာင္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

"အမႈနဲ႔ပတ္သက္တဲ့ေတာင္ႀကီးကလူကို သြားေခၚလာတာ။ အရင္ဖြင့္ထားတဲ့အမႈမွာပါတာေပါ့။ ပစၥည္းပို႔တဲ့သူေပါ့။ ဒီေန႔(ဇြန္လ (၁၆) ရက္)မနက္ (၁၀) နာရီေလာက္က ေလယာဥ္နဲ႔ေရာက္လာတာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအရာခံေက်ာ္ေဇယ်က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ဟဲဟိုးေလဆိပ္မွ တာခ်ီလိတ္ေလဆိပ္သို႔ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔ ေန႔လည္(၁၁)နာရီ(၄၀)မိနစ္၀န္းက်င္က ဆိုက္ေရာက္လာၿပီး Air KBZ ေလယာဥ္ျဖင့္ ပါရွိလာသည့္ ပစၥည္းမ်ားအား Cargo X-Ray စက္ျဖင့္ ေလဆိပ္တာ၀န္က် ပူးေပါင္းစစ္ေဆးေရးအဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ပစၥည္းမ်ားထဲက မအမ္း အမည္ျဖင့္ ပါရွိသည့္  စကၠဴဖာအတြင္းမွ စုစုေပါင္းအေလးခ်ိန္ (၀.၂၂၃၅)ကီလို၀န္းက်င္ရွိ ပတၱျမားဟု ယူဆရသည့္ ေက်ာက္ရိုင္းတံုးအေသး (၄၅)တံုး ႏွင့္ အေလးခ်ိန္(၀.၀၂၆၅)ကီလို၀န္းက်င္ရွိၿပီး မဟူရာ(ေက်ာက္မဲ)ဟု ယူဆရသည့္ ေက်ာက္ရိုင္းအတံုးအေသး (၁)တံုးတို႔အား ေတြ႔ရွိ သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေတြ႔ရွိရသည့္ သက္ေသခံပစၥည္းမ်ားႏွင့္ ပတ္သက္၍ ပိုင္ရွင္အေနျဖင့္ တရား၀င္အေထာက္အထား တစ္စံုတစ္ရာတင္ျပႏုိင္ျခင္း မရွိျခင္းေၾကာင့္ တာခ်ီလိတ္ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနက အေကာက္ခြန္လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ အမႈဖြင့္ေဆာင္ရြက္ခဲ့ၿပီး အဆိုပါ ပစၥည္းမ်ားအား အေကာက္ခြန္ဦးစီးဌာနတြင္ ထိန္းသိမ္းထားကာ ပစၥည္းပိုင္ရွင္ မေယ့ရွမ္း(ခ)မအမ္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃၂/၂၀၁၉၊ ၂၀၁၉ ခုႏွစ္ ျမန္မာ့ေက်ာက္မ်က္ရတနာဥပေဒပုဒ္မ ၅၁(က)ျဖင့္ ဇြန္လ(၁၃)ရက္ေန႔ ည(၈)နာရီ၀န္းက်င္က အမႈဖြင့္လွစ္ကာ အေရးယူထားျခင္း ျဖစ္သည္။

အဆိုပါ ေက်ာက္မ်က္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ တာခ်ီလိတ္သို႔ ဟဲဟိုးေလဆိပ္မွ တဆင့္ ေပးပို႔သူဟု သိရွိရသည့္ ဦးျမင့္ေအာင္ ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မ်ားႏွင့္ ခ်ိတ္ဆက္ကာ ဖမ္းဆီးၿပီးေနာက္ ယေန႔ ဇြန္လ(၁၆)ရက္ေန႔တြင္ ေလေၾကာင္းခရီးစဥ္ျဖင့္ တာခ်ီလိတ္သို႔ ေခၚေဆာင္လာကာ တာခ်ီလိတ္ၿမို႕မရဲစခန္းတြင္ ထိန္းသိမ္းထားရွိၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ-ထိုင်းနယ်စပ် တာချီလိပ်လေဆိပ်သို့ ၂၀၁၉ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် ဆိုက်ရောက်လာသော Air KBZ လေယာဉ်ဖြင့် ပါရှိလာသည့်ပစ္စည်းများကို X-Ray စက်ဖြင့်စစ်ဆေးမှုများပြုလုပ်ရာတွင် စက္ကူဖာအတွင်းမှ ပတ္တမြားနှင့် မဟူရာဟု ယူဆရသော ကျောက်အရိုင်းတုံးများ တွေ့ရှိခဲ့ရသဖြင့် တာချီလိတ်မြို့မှ ပစ္စည်းလက်ခံသူ မအမ်းဆိုသည့်အမျိုးသမီးကို အမှုဖွင့် အရေးယူထားပြီးနောက် ဟဲဟိုးလေဆိပ်မှ ပို့ဆောင်ပေးသူ ဦးမြင့်အောင်ကို တာချီလိတ်မြို့မရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

"အမှုနဲ့ပတ်သက်တဲ့တောင်ကြီးကလူကို သွားခေါ်လာတာ။ အရင်ဖွင့်ထားတဲ့အမှုမှာပါတာပေါ့။ ပစ္စည်းပို့တဲ့သူပေါ့။ ဒီနေ့(ဇွန်လ (၁၆) ရက်)မနက် (၁၀) နာရီလောက်က လေယာဉ်နဲ့ရောက်လာတာပေါ့"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအရာခံကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ၂၀၁၉ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၁၁)နာရီ(၄၀)မိနစ်ဝန်းကျင်က ဆိုက်ရောက်လာပြီး Air KBZ လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား Cargo X-Ray စက်ဖြင့် လေဆိပ်တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ပြုလုပ်ရာ ပစ္စည်းများထဲက မအမ်း အမည်ဖြင့် ပါရှိသည့် စက္ကူဖာအတွင်းမှ စုစုပေါင်းအလေးချိန် (ဝ.၂၂၃၅)ကီလိုဝန်းကျင်ရှိ ပတ္တမြားဟု ယူဆရသည့် ကျောက်ရိုင်းတုံးအသေး (၄၅)တုံး နှင့် အလေးချိန်(ဝ.ဝ၂၆၅)ကီလိုဝန်းကျင်ရှိပြီး မဟူရာ(ကျောက်မဲ)ဟု ယူဆရသည့် ကျောက်ရိုင်းအတုံးအသေး (၁)တုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိရသည့် သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်အနဖြေင့် တရားဝင်အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိခြင်းကြောင့် တာချီလိတ်မြို့နယ်အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အဆိုပါ ပစ္စည်းများအား အကောက်ခွန်ဦးစီးဌာနတွင် ထိန်းသိမ်းထားကာ ပစ္စည်းပိုင်ရှင် မယေ့ရှမ်း(ခ)မအမ်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၃၂/၂၀၁၉၊ ၂၀၁၉ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က)ဖြင့် ဇွန်လ(၁၃)ရက်နေ့ ည(၈)နာရီဝန်းကျင်က အမှုဖွင့်လှစ်ကာ အရေးယူထားခြင်း ဖြစ်သည်။

အဆိုပါ ကျောက်မျက်ပစ္စည်းများနှင့် ပတ်သက်၍ တာချီလိတ်သို့ ဟဲဟိုးလေဆိပ်မှ တဆင့် ပေးပို့သူဟု သိရှိရသည့် ဦးမြင့်အောင် ဆိုသူအား တာချီလိတ်မြို့မရဲစခန်းက သက်ဆိုင်ရာ ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ဖမ်းဆီးပြီးနောက် ယနေ့ ဇွန်လ(၁၆)ရက်နေ့တွင် လေကြောင်းခရီးစဉ်ဖြင့် တာချီလိတ်သို့ ခေါ်ဆောင်လာကာ တာချီလိတ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net