တာချီလိတ်ခရိုင် တာလေမြို့တွင် တောင်သူများ ကွင်းအတွင်းစိုက်ပျိုးနည်းပညာ လက်တွေ့ဆောင်ခြင်းအဖြစ် လက်တွေ့ပြသ

တာချီလိတ်ခရိုင် တာလေမြို့တွင် တောင်သူများ ကွင်းအတွင်းစိုက်ပျိုးနည်းပညာ လက်တွေ့ဆောင်ခြင်းအဖြစ် လက်တွေ့ပြသ
ဇူလိုငျ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာတွင် စိုက်ပျိုးနည်းပညာများအား တောင်သူများ ကွင်းအတွင်း လက်တွေ့ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော တောင်သူဖိတ်ခေါ်ကွင်းလက်တွေ့သရုပ်ပြပွဲကို နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာရှိ တောင်သူဦးစိုင်းလုံ၏ လယ်မြေ၌ နံနက်(၁၀) အချိန်တွင် ကျင်းပရာ တောင်သူများက ပညာပေးဟောပြောပွဲမှ သိရှိလာသည့် စိုက်ပျိုးနည်းပညာများကို ကွင်းအတွင်း လက်တွေ့ဆောင်ရွက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများအား ဘောင်ပျိုးစနစ်၊ ပျိုးထောင် စိုက်ပျိုးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်ဖြင့် စိုက်ပျိုးသည့် နည်းစနစ်များကို ကွင်းအတွင်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

 အဆိုပါ သရုပ်ပြပွဲသို့ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ တာလေမြို့ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်တောင်သူ စုစုပေါင်း (၃၀)ကျော် တက်ရောက်ကြသည်။


Tachileik News Agency


 ~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာတွင် စိုက်ပျိုးနည်းပညာများအား တောင်သူများ ကွင်းအတွင်း လက်တွေ့ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

တာလမြေို့ စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော တောင်သူဖိတ်ခေါ်ကွင်းလက်တွေ့သရုပ်ပြပွဲကို နားယောင်းကျေးရွာအုပ်စု၊ နားယောင်းကျေးရွာရှိ တောင်သူဦးစိုင်းလုံ၏ လယ်မြေ၌ နံနက်(၁၀) အချိန်တွင် ကျင်းပရာ တောင်သူများက ပညာပေးဟောပြောပွဲမှ သိရှိလာသည့် စိုက်ပျိုးနည်းပညာများကို ကွင်းအတွင်း လက်တွေ့ဆောင်ရွက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများအား ဘောင်ပျိုးစနစ်၊ ပျိုးထောင် စို်က်ပျိုးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့်ဖြင့် စိုက်ပျိုးသည့် နည်းစနစ်များကို ကွင်းအတွင်း လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

 အဆိုပါ သရုပ်ပြပွဲသို့ တာလမြေို့အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်း၊ တာလမြေို့ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်တောင်သူ စုစုပေါင်း (၃၀)ကျော် တက်ရောက်ကြသည်။

ယခုနှစ် မိုးစပါးရာသီ၌ ပြောင်းလဲလာသည့် ရာသီဥတုဂေဟစနစ်ကြောင့် စိုက်ပျိုးရေရရှိမှု နည်းပါးပြီး စပါးစိုက်ပျိုးချိန် နောက်ကျလာသဖြင့် စပါးပျိုးသက်နု ကောက်ကွဲကြဲ ပျိုးထောင်စိုက်ပျိုးနည်းစနစ် (စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစနစ်) (System of Rice Intensification:SRI)၊ သက်တမ်းတိုသည့် စပါးမျိုးများစိုက်ပျိုးခြင်း၊ ပျိုးနှုတ်သည့် လုပ်သားစရိတ်သက်သာလာစေရန် ပလပ်စတစ်စကာပိုက်ဖြင့် ပျိုးထောင်ပြီး စိုက်ပျိုးဆောင်ရွက်သွားရန် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဝင်းက တောင်သူများအား အကြံပေးပြောကြားခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net