တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိ္မ္မွ စိတ္ၾကြေဆးျပား (၆၆၀)ျပားႏွင့္ ဘိန္းစိမ္း (၁၅၀) ဂရမ္ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိ္မ္မွ စိတ္ၾကြေဆးျပား (၆၆၀)ျပားႏွင့္ ဘိန္းစိမ္း (၁၅၀) ဂရမ္ဖမ္းမိ
သြဂုတ် 22, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ပါလ်ံ(၂)ရိွ မူးယစ္သတင္းရေနအိမ္မွ စိတ္ၾကြေဆးျပား (၆၆၀)ျပား၊ ဘိန္းစိမ္း (၁၅၀) ဂရမ္ခန္႔ႏွင့္အတူ အမ်ိုးသားတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၂)ရက္ေန႔က ဖမ္းမိေၾကာင္း သိရသည္။

မူးယစ္သတင္းအရ အားေဆာ္၏ေနအိမ္အား မူးယစ္တပ္ဖြဲ႕စု (၃၀)မွ တပ္ဖြဲ႕ဝင္မ်ားက ဝင္ေရာက္စစ္ေဆးရာ အားေဆာ္ကို ေနအိမ္တြင္ ေတြ႔ရၿပီး အိမ္အတြင္းရွာေဖြရာ စိတ္ၾကြေဆးျပား (၂၀၀)ျပားစီထည့္ထားသည့္ အထုပ္ (၃) ထုပ္ႏွင့္ (၆၀)ျပားပါ (၁)ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၆၆၀)ျပား၊ အေလးခ်ိန္ (၁၅၀)ဂရမ္ခန္႔ရိွသည့္ ဘိန္းစိမ္းအမဲေရာင္အေစး တစ္ထုပ္တုိ႔ကို ရွာေဖြေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အားဇံအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၈/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
photo: police

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား (၆၆၀)ပြားနှင့် ဘိန်းစိမ်း (၁၅၀) ဂရမ်ဖမ်းမိ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂)ရှိ မူးယစ်သတင်းရနေအိမ်မှ စိတ်ကြွဆေးပြား (၆၆၀)ပြား၊ ဘိန်းစိမ်း (၁၅၀) ဂရမ်ခန့်နှင့်အတူ အမျိုးသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၂)ရက်နေ့က ဖမ်းမိကြောင်း သိရသည်။

မူးယစ်သတင်းအရ အားဆော်၏နေအိမ်အား မူးယစ်တပ်ဖွဲ့စု (၃၀)မှ တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရာ အားဆော်ကို နေအိမ်တွင် တွေ့ရပြီး အိမ်အတွင်းရှာဖွေရာ စိတ်ကြွဆေးပြား (၂၀၀)ပြားစီထည့်ထားသည့် အထုပ် (၃) ထုပ်နှင့် (၆၀)ပြားပါ (၁)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၆၆၀)ပြား၊ အလေးချိန် (၁၅၀)ဂရမ်ခန့်ရှိသည့် ဘိန်းစိမ်းအမဲရောင်အစေး တစ်ထုပ်တို့ကို ရှာဖွေတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဇံအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၈/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency
photo: police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net