တာချီလိတ်မြို့နယ်အတွင်း နံနက်(၆)နာရီမှ နေ့လည် (၁၁) နာရီအထိ လူဦးရေ (၃၂,၀၀၀) ကျော်ရှိ ဆန္ဒမဲပေးထား

တာချီလိတ်မြို့နယ်အတွင်း နံနက်(၆)နာရီမှ နေ့လည် (၁၁) နာရီအထိ လူဦးရေ (၃၂,၀၀၀) ကျော်ရှိ ဆန္ဒမဲပေးထား
နိုဝင်ဘာ 8, 2020
By Tachileik News Agency

 

တာချီလိတ်မြို့နယ်အတွင်း နံနက်(၆)နာရီမှ နေ့လည် (၁၁) နာရီအထိ လူဦးရေ (၃၂,၀၀၀) ကျော်ရှိ ဆန္ဒမဲပေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၇၀)တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၀,၀၀၀)ကျော် အနက် နံနက်(၆)နာရီမှ နေ့လည်(၁၁)နာရီအချိန်အထိ (၃၂,၉၃၃)ဦး ဆန္ဒမဲပေးထားပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၁၂၉,၈၇၅) ဦးရှိနေပြီး လက်ရှိဆန္ဒမဲပေးထားသူ (၃၂,၉၃၃)ဦးရှိနေသည့်အတွက် (၂၄.၄၁) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံတာဝန်ကျဝန်ထမ်းများကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၇) ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုခဲ့ရာတွင် (၁၃,၀၀၀) ကျော်ရှိခဲ့ပြီး တပ်မတော်သားများနှင့်အတူနေမိသားစုဝင်များ၏ ကြိုတင်ဆန္ဒမဲ (၉၅၈) မဲရှိကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~