ရုပ်ရှင်ရုံမရှိသည့် တာချီလိတ်မြို့တွင် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကို စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ အခမဲ့ပြသရာ လာရောက် ကြည့်ရှုသူ များပြား

ဖေဖော်ဝါရီ 29, 2020
By Tachileik News Agency

ရုပ်ရှင်ရုံမရှိသည့် တာချီလိတ်မြို့တွင်  "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကို စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌ အခမဲ့ပြသရာ လာရောက် ကြည့်ရှုသူ များပြား

မြန်မာ၊ ကိုရီးယားပူးတွဲ ရိုက်ကူးထားသည့် "တန်ဖိုး" ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ရုံမရှိသည့် တာချီလိတ်မြို့တွင်   ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့ ညနေ (၆)နာရီကျော်ကစ၍ စိန်ဂျုဒ်ကက်သလစ် ဓမ္မာရုံ၌  အခမဲ့ပြသရာ လာရောက်ကြည့်ရှုသူများ ပြားကြောင်း သိရသည်။

ခါကာဘိုရာဇီရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဂျွန်လရော်နှင့် ကိုရီးယားရိုက်ကူးရေးအဖွဲ့တို့ဖြင့် အားဖြည့်ရိုက်ကူးထားသည့်  တန်ဖိုး ရုပ်ရှင်ကို ရိုက်ကူးသည့် ဒါရိုက်တာကိုယ်တိုင် လာရောက်ပြသခြင်းဖြစ်ကြောင်း သိရသည်။

ရန်အောင် ၊ မို့မို့မြင့်အောင်၊ဇင်ဝိုင်း ၊ခင်ဇာခြည်ကျော်၊ ထွန်းထွန်း၊ အေးမြတ်သူ မော်နီကာပန် နှင့် သရုပ်ဆောင်များစွာ ပါဝင်ပြီး မြန်မာနှင့် ကိုရီးယားပူးတွဲရိုက်ကူးထားသည့် အဆိုပါဇာတ်ကားမှာ ရုံတင်ပြသခြင်းမပြုမီကပင် လူစိတ်ဝင်စားမှုများခဲ့ပြီး တာချီလိတ်တွင် ပြသသည့်အခါမှာလည်း လာရောက်ကြည့်ရှုသူ များပြားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~