တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသား (၆)ဦး နေရပ်ပြန်၍ စုစုပေါင်း (၃၆)ဦးရှိလာ

တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသား (၆)ဦး နေရပ်ပြန်၍ စုစုပေါင်း (၃၆)ဦးရှိလာ
မေ 4, 2020
By Tachileik News Agency

တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၂)မှ တဆင့် ထိုင်းနိုင်ငံသား (၆)ဦး နေရပ်ပြန်၍ စုစုပေါင်း (၃၆)ဦးရှိလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ရောက်ရှိနေထိုင်ပြီး နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို နှစ်နိုင်ငံညှိနှိုင်း၍ ပြန်ခွင့်ပေးထားရာ ၂၀၂၀ခုနှစ် မေလ(၄)ရက်နေ့တွင် (၃၆)ဦးမြောက်အဖြစ် ထိုင်းနိုင်ငံသား (၆)ဦးသည် တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ တဆင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံသား အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၅)ဦးတို့မှ မေလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားရာ မြန်မာဘက်တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသများတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာ - ထိုင်း နယ်စပ်ဂိတ်များဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်၊ ကရင်ပြည်နယ်ရှိ မြဝတီ - မဲဆောက်နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထီးခီး - ကန်ချနပူရီ နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံဘက်သို့ ပြန်ဝင်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း နေထိုင်နေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် မယ်ဆိုင်ဘက်သို့ ပြန်လိုပါက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားရှိ လဝက ထံတွင် မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း ယခုလို ခွင့်ပြုပေးထားခြင်းသည် တာချီလိတ်မှ အထွက်တာဖြစ်ပြီး မယ်ဆိုင်မှ တာချီလိတ်သို့ လာရောက်လိုသူ ထိုင်းနိုင်ငံသားများကို ခွင့်မပြုပေးထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~