တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ်ပိန်းများတွင် ပါဝင်သည့် မည်သည့် ဝန်ထမ်းမဆို The best စားသောက်ဆိုင်က အခမဲ့ လာရောက်စားနိုင်ရန် ဖိတ်ခေါ်ထား

တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ်ပိန်းများတွင် ပါဝင်သည့် မည်သည့် ဝန်ထမ်းမဆို The best စားသောက်ဆိုင်က အခမဲ့ လာရောက်စားနိုင်ရန် ဖိတ်ခေါ်ထား
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ကမ်ပိန်းများတွင် ပါဝင်သည့် မည်သူ့ ဝန်ထမ်းမဆို တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မြို့နယ်လဝကရုံးလမ်းရှိ The Best ကချင်ရိုးရာစားသောက်ဆိုင်က အခမဲ့ လာရောက်စားသောက်နိုင်ကြောင်း ဖေဖော်ဝါရီလ(၇)ရက်နေ့ကစ၍ အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်သည့်အနေဖြင့် ဖဲကြိုးနီ လုပ်ဆောင်မှုများ နှင့် CDC, CDM ကမ်ပိန်းများကို ဝန်ထမ်းများဖြစ်သည့် ပညာရေးမှ ဆရာ၊ ဆရာမများ နှင့် ကျန်းမာရေး တို့မှ လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency