အထူးဒေသ(၄)မိုင်းလားတွင် မေလ(၈)ရက်နေ့က စ၍ နေရာပေါင်း (၄)နေရာ၌ Covid-19 အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း အထူးဒေသ(၄) သတင်းထုတ်ပြန်

အထူးဒေသ(၄)မိုင်းလားတွင် မေလ(၈)ရက်နေ့က စ၍ နေရာပေါင်း (၄)နေရာ၌ Covid-19 အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း အထူးဒေသ(၄) သတင်းထုတ်ပြန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ(၄)မိုင်းလားတွင် Covid-19 အာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို နေရာပေါင်း (၄)ရက်နေရာတွင် ၂၀၂၁ခုနှစ် မေလ(၈)ရက်နေ့က စ၍ စတင်မည်ဖြစ်ကြောင်း အထူးဒေသ(၄)၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဦးစီးအဖွဲ့က ဧပြီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အထူးဒေသ(၄)၊ မိုင်းလားဒေသအတွင်း နမ့်မချောင်း မြောက်ဘက်ရှိ ရွှေပြည်တံတား၊ နာရီစင်မှ ပြည်ဝင် မုခ်ဦး စုပေါင်းစစ်ဆေးဂိတ် ဧရိယာတွင် လည်းကောင်း၊ ရွှေပြည်တံတား နာရီစင်မှ ပါခါးအထိ လည်းကောင်း၊ နမ့်မချောင်း တောင်ဘက်တွင်လည်းကောင်း၊ ဝမ်ရှိုဖွံ့ဖြိုးရေးဇုန်တွင် လည်ကောင်း နေရာပေါင်း (၄)နေရာတို့တွင် စစ်ဆေးပေးသွားမည်ဖြစ်သည်။

ယင်းသို့ စစ်ဆေးရာတွင်လည်း ကုန်ကျစရိတ်များကို ပြည်သူဘက်က ကုန်ကျစရာမလိုဘဲ အထူးဒေသ(၄)ဒေသအစိုးရမှ ကုန်ကျခံတာဝန်ယူဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။