မကွေးတိုင်းအတွင်း မေလ(၁၁)ရက်နေ့က တစ်နေ့တည်းဖြစ်ပွားသည့် မိုးသက်လေပြင်းကြောင့် လေဘေးသင့် လူဦးရေ (၁၅၄၁)ဦးနှင့် သေဆုံးသူများ ရှိနေ

မကွေးတိုင်းအတွင်း မေလ(၁၁)ရက်နေ့က တစ်နေ့တည်းဖြစ်ပွားသည့် မိုးသက်လေပြင်းကြောင့် လေဘေးသင့် လူဦးရေ (၁၅၄၁)ဦးနှင့် သေဆုံးသူများ ရှိနေ
မေ 13, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်း မေလ(၁၁)ရက်နေ့က တစ်နေ့တည်းဖြစ်ပွားသည့် မိုးသက်လေပြင်းကြောင့် လေဘေးသင့် လူဦးရေ (၁၅၄၁)ဦးနှင့် သေဆုံးသူများ ရှိနေ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် ကံမမြို့နယ်တို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့က မိုးသက်လေပြင်းကြောင့် လေဘေးသင့် အိမ်ထောင်စု (၄၃၈) စုမှ လူဦးရေ (၁၅၄၁)ဦးအတွက် မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပြန်လည်ထူထောင်ရေးနှင့် စားနပ်ရိက္ခာ ပံ့ပိုးပေးနေပြီး သေဆုံး၊ ဒဏ်ရာရသူများအတွက် ကူညီထောက်ပံ့မှုများ ပေးနေကြောင်း သိရသည်။

“မေလ(၁၁)ရက်နေ့ကတိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် မကွေးမြို့နယ်နဲ့ ကံမမြို့နယ်တို့မှာ ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပြီး ဒုတိယပျက်စီးမှုအများဆုံးက မြို့သစ်မြို့နယ်ပဲဖြစ်ပါတယ်။ ကျန်တဲ့ မင်းတုန်း၊ သရက်၊ အောင်လံ၊ မင်းဘူး၊ နတ်မောက်မြို့နယ်တွေမှာလည်း အနည်းငယ်စီပျက်စီးမှုရှိခဲ့ပြီး မကွေးမြို့နယ်နဲ့ မြို့သစ် မြို့နယ်တို့မှာ လူသေဆုံးဒဏ်ရာရရှိမှုတွေရှိခဲ့ပါတယ်”ဟု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ညွှန် ကြားရေးမှူး ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလ(၁၁)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်တွင် ပြိုကျပျက်စီးအိမ်ခြေ (၂၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး (၄၆၃)လုံး လေဘေးသင့်အိမ်ထောင်စုပေါင်း (၄၈၄)စုမှ လူဦးရေ(၆၀၆)ဦး ၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အမိုးလန်ပျက်စီးအိမ်ခြေ (၄၃၈)လုံး၊ အိမ်ထောင်စု (၄၃၈) စုမှ လူဦးရေ (၁၅၄၁)ဦး၊ မြို့သစ်မြို့နယ်တွင် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၃၄)လုံး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရနှင့် သေဆုံးသူများလည်း ရှိခဲ့ခြင်းဖြစ်သည်။

လေဘေးသင့်အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပျက်စီးအိမ်ခြေများအ တွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ လုံးဝပြိုကျအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဝယ်ယူ နိုင်ရန် ကျပ် (၁)သိန်းနှုန်း၊ လူတစ်ဦး (၇) ရက်စာဆန်ဖိုး (၂၁၀၀) ကျပ်စီ၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေများအတွက် ဆုံးရှုံးမှုတန်ဘိုးအလိုက် ကျပ်(၉)သောင်းအထိ၊ သေဆုံးသူများအတွက် တစ်ဦးလျှင် ကျပ်(၃) သိန်းစီ၊ ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင် ကျပ်( ၅)သောင်းစီ  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မေလ(၁၁)ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မကွေးမြို့နယ် ယင်းဆိပ်ကျေးရွာတွင် သစ်ပင်ပိ၍ (၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရရှိပြီး မြို့သစ်မြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ (၁)ဦး သေဆုံးကာ (၁)ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ဇော်မင်းထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~