MNA ၏ ရန်ကုန် - မကွေး - အမ်း - စစ်တွေ လေကြောင်းခရီးစဉ် တစ်ပတ်လျှင် (၃)ရက်အထိ တိုးချဲ့ပျံသန်း

MNA ၏ ရန်ကုန် - မကွေး - အမ်း - စစ်တွေ လေကြောင်းခရီးစဉ် တစ်ပတ်လျှင် (၃)ရက်အထိ တိုးချဲ့ပျံသန်း
မတ် 17, 2020
By Tachileik News Agency
MNA ၏ ရန်ကုန် - မကွေး - အမ်း - စစ်တွေ လေကြောင်းခရီးစဉ် တစ်ပတ်လျှင် (၃)ရက်အထိ တိုးချဲ့ပျံသန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ လေဆိပ်မှ ရန်ကုန် - မကွေး - အမ်း-စစ်တွေ ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်း(MNA)က တစ်ပတ်လျှင် (၂)ရက် ပျံသန်းပြေးဆွဲ ပေးနေရာမှ မတ်လ(၁၈)ရက်နေ့မှစတင်ကာ တစ်ပတ်လျှင် (၃)ရက် ပျံသန်းပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“မတ်လ (၁၈) ရက်နေ့ကို ဗုဒ္ဓဟူးနေ့တစ်ရက်ထပ်တိုးပြီးတော့ ပျံသန်းမှာပါ။ လမ်းကြောင်းကတော့ အရင်အတိုင်းပါပဲ။ ရန်ကုန် - မကွေး - အမ်း- စစ်တွေ ခရီးစဉ်ပါ။ စစ်တွေကနေဆိုရင် စစ်တွေ- အမ်း - မကွေး -ရန်ကုန် ခရီးစဉ်ပါခင်ဗျ”ဟု MNA လေကြောင်းလိုင်း မကွေးဌာနေကိုယ်စားလှယ် ဦးစံထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးလေဆိပ်မှ လေကြောင်းပြေးဆွဲမှုကို ရပ်နားထားခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့မှစ၍ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) က ရန်ကုန်-မကွေး-အမ်း-စစ်တွေ လမ်းကြောင်းအတိုင်း တစ်ပတ်လျှင် တနင်္လာနှင့် သောကြာ (၂)ရက် ပြေးဆွဲ ပေးလျှက်ရှိခဲ့ရာမှ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ တိုးချဲ့ပျံသန်းလာခြင်းဖြစ်သည်။

အခုလို ပြေးဆွဲရက် ထပ်မံတိုးချဲ့ပေးလိုက်လို့ ခရီးသည်တွေအနေနဲ့ အရမ်းကို အဆင်ပြေသွားပါတယ်။ အလုပ်ကိစ္စနဲ့ တနင်္လာနေ့လာတယ်။ သောကြာနေ့အထိ စောင့်စရာမလိုတော့ဘဲ ဗုဒ္ဓဟူးနေ့ပြန်မယ်။ ဒီလိုပဲ ဗုဒ္ဓဟူးနေ့လာမယ်။ တနင်္လာနေ့အထိ စောင့်စရာမလိုတော့ဘဲ သောကြာနေ့ပြန်လို့ရပြီဖြစ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရော၊ ကျွန်တော်တို့လို အပြင်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပါ အတော်ကြီးကို အဆင်ပြေသွားပါတယ်

ဟု  MNA လေကြောင်းလိုင်း မကွေးဌာနေကိုယ်စားလှယ် ဦးစံထွေးက ပြောသည်။

မကွေးလေဆိပ်တွင် (၁၃) နှစ်ကြာရပ်ဆိုင်းထားခဲ့သည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲပေးရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြခဲ့သဖြင့် နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာ အမျိုးသားလေကြောင်း(MNA)က အပတ်စဉ် တနင်္လာနှင့် သောကြာနေ့များတွင် ပျံသန်းပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~