မကွေးမြို့တွင် နေရာ(၃)နေရာ၌ လူငယ်(၄)ဦးမှ လိုက်လံ မီးရှို့

မကွေးမြို့တွင် နေရာ(၃)နေရာ၌ လူငယ်(၄)ဦးမှ လိုက်လံ မီးရှို့
ဖေဖော်ဝါရီ 7, 2020
By Tachileik News Agency

မကွေးမြို့တွင် နေရာ(၃)နေရာ၌ လူငယ်(၄)ဦးမှ လိုက်လံ မီးရှို့ 

မကွေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက် နံနက်(၃)နာရီခွဲဝန်းကျင်က နေရာ(၃)ခု၌ လိုက်လံ မီးရှို့သည့် လူငယ် (၄)ဦးကို CCTV မှတ်တမ်းတွင် တွေ့ရှိထားသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

မကွေးမြို့ ကန်သာရပ်ကွက်၊ ကန်သာ(၁၁)လမ်း နှင့် မကျီးပင်လမ်းထောင့်ရှိ ကုန်စုံဆိုင်ရှေ့မှ အမိုးထီးများ၊ ဌေးရတနာရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်အိမ်ရှေ့မှ အမှိုက်တောင်းနှင့် အေးစေတီဘုရား  စနေထောင့်အနီး လမ်းဘက်ရှိ ဒုတိယမြောက်ဆိုင်မှ အဖီမိုးကာတို့ မီးရှို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

CCTV ကင်မရာ တွေမှာ တွေ့ရှိချက်အရ မနက်(၃)နာရီ ခွဲဝန်းကျင်မှာ ဘောင်းဘီရှည်ဝတ် လူငယ်လေးဦး ရောက်လာပြီး အဲဒီအထဲက တစ်ယောက်က မီးရှို့တာကို ကျန်တဲ့သူတွေက စောင့်ပေးနေတာကို တွေ့ရတယ် 

ဟု  အဆိုပါရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ကုန်စုံဆိုင်ရှေ့မှထီးများ မီးလောင်နေသည်ကို အိမ်နီးချင်းတစ်ဦး နံနက် စောစော ကားဂိတ်သို့ သွားရာမှ တွေ့မြင်၍  ငြှိမ်းပေးခဲ့ရကြောင်း သိရပြီး အထက(၁)လမ်းမှ အအေးဆိုင်၏ အဖီမိုးကာကိုလည်း  မီးရှို့ခံထားရသည်ကိုတွေ့ရ၍ သဲဖြင့်ပက်ကာ မီးငြှိမ်းထားသည်ကို တွေ့ရကြောင်း သိရသည်။

CCTV မှတ်တမ်းအရ လူငယ်(၄)ဦးထဲတွင် ဓါးကိုင်ထားသူကိုလည်း တွေ့ရှိရကာ အဆိုပါ လူငယ်လေးဦးကို ဖမ်းဆီး ရမိနိုင်ရေးအတွက် အခြားနေရာများရှိ CCTV မှတ်တမ်းများဖြင့် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~