ပြည်သူ့ကာကွယ်ရေးအဖွဲ့ BSO က တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းစခန်းကို တိုက်ခိုက်၊ အာဏာသိမ်းအဖွဲ့ဘက်က (၂)ယောက်သေဆုံး

ပြည်သူ့ကာကွယ်ရေးအဖွဲ့ BSO က တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းစခန်းကို တိုက်ခိုက်၊ အာဏာသိမ်းအဖွဲ့ဘက်က (၂)ယောက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ အိန္ဒိယ -  မြန်မာနယ်စပ် တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းစခန်းကို ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO) က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ အာဏာသိမ်းအဖွဲ့ဘက်မှ (၂) ဦးသေပြီး သေနတ် (၂)လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရဲကင်းစခန်းတွင် ယနေ့ နံနက် (၇)နာရီ (၄၅) မိနစ်အချိန်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဝင်ရောက်တိုက်ခိုက်သည့် ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO) ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့ကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း (၁)၊ တပ်ခွဲ (၃) ကျောင်းသားတပ်ခွဲဖြစ်သည့် Burmese Students Organization (BSO)သည် နိုဝင်ဘာလ (၂၂) ရက်နေ့ကလည်း တမူးမြို့ရှိ  မြို့နယ်လဝကရုံးအနီးရှိ ရဲကင်းကို မီးရှို့ဖျက်ဆီးမှုကိုလည်း ဘေးကင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြသေးသည်။

ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO)၏  မြေပြင်လှုပ်ရှားရေးအဖွဲ့အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် အာဏာသိမ်းအဖွဲ့ကို အထောက်အပံ့ပေးနေသူများအား တိုက်ခိုက်မည်ဖြစ်၍ အများပြည်သူအနေဖြင့် ဘေးကင်းစေရန် အဆိုပါအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် အနီးကပ်မနေကြရန်ကိုလည်း   BSO က မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။