COVID-19 နဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ် သံသယဖြစ်နေရင် တာချီလိတ်မှာ အခမဲ့ စစ်ဆေးနိုင်ပြီ

COVID-19 နဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ် သံသယဖြစ်နေရင် တာချီလိတ်မှာ အခမဲ့ စစ်ဆေးနိုင်ပြီ
မေ 4, 2020
By Tachileik News Agency
 

COVID-19 နဲ့ ပတ်သက်လို့ ကိုယ့်ကိုကိုယ် သံသယဖြစ်နေရင် တာချီလိတ်မှာ အခမဲ့ စစ်ဆေးနိုင်ပြီ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ Covid-19 နဲ့ ပတ်သက်ပြီး သံသယရှိသူများနဲ့ ဖျားနာသူများကို သီးခြားစမ်းသပ်ပေးမယ့် Fever Clinic ကို တာချီလိတ်ဆေးရုံဟောင်းနေရာမှာ ၂၀၂၀ ခုနှစ် မေလ(၁)ရက်နေ့က စဖွင့်လိုက်ပြီး အခမဲ့ စမ်းသပ် ကုသပေးနေပါတယ်။

မိမိကိုယ်ကိုကိုယ် covid-19 ကူးစက်ခံရနိုင်ချေရှိတယ်လို့ သံသယရှိသူတွေ၊ ရောဂါသံသယလက္ခဏာရှိသူတွေအနေနဲ့ Fever Clinic မှာ လာ‌ရောက်ပြသသင့်ပြီး တခြားလူနာတွေအနေနဲ့ကတော့ ပြည်သူ့ဆေးရုံကြီးရဲ့ ပြင်ပလူနာဌာန၊ အရေးပေါ်လူူနာဌာနတွေကို သွားသင့်တယ်လို့ လမ်းညွန်ထားပါတယ်။

ဖီဘာကလင်းနစ်ကနေ covid-19 သံသယလူနာအဖြစ် စမ်းသပ်တွေ့ရှိသူများကို သီးခြားထားရှိကုသပေးမယ့် သီးသန့်ကုသခန်းတွေကိုလည်း ဆေးရုံဟောင်းမှာ ပြင်ဆင်ထားတာဖြစ်ပါတယ်

ဆေးရုံဟောင်းမှာ သီးခြားဖွင့်ထားတဲ့ ဖျားနာကုသဆေးခန်းကို လတ်တလောမှာတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ နေ့စဉ် မနက် (၉)နာရီကနေ (၁၂)နာရီထိ ဖွင့်ထားပြီး ကျန်အချိန်များမှာတော့ ပြည်သူ့ဆေးရုံအရေးပေါ်ဌာနမှာ ပြသနိုင်တယ်လို့ သိရပါ တယ်

တာချီလိတ်က မည်သူမဆို ကိုယ့်ကိုကိုယ့် covid-19 နဲ့ ပတ်သက်ပြီး သံသယရှိနေတယ်ရင်တော့ တာချီလိတ်ဆေးရုံဟောင်းအတွင်းထဲက Fever Clinic မှာ လာရောက်ပြသကာ အခမဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။၊

  Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊ ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~