တာချီလိတ်တစ်မြို့လုံး စက်တင်ဘာလ(၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

တာချီလိတ်တစ်မြို့လုံး စက်တင်ဘာလ(၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်
စက်တင်ဘာ 5, 2020
By Tachileik News Agency
 
တာချီလိတ်တစ်မြို့လုံး  စက်တင်ဘာလ(၆)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန်  ပြတ်တောက်မည်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်လျှပ်စစ် ဓာတ်အားခွဲရုံ၏ ဓာတ်အားလိုင်း ဖြန့်ဖြူးမှုစနစ်အား ပြုပြင်ထိန်းသိမ်းမည်ဖြစ်၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် တာချီလိတ်မြို့၌ နံနက် (၆)နာရီခွဲမှ ညနေ (၅)နာရီခွဲအချိန်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
“ အဲဒီ မီးပြတ်တဲ့အချိန်မှာ မီးလင်းရေး (၁)ဘက်က အဖုံးအကာပါတဲ့ မီးကြိုးလဲတပ်တာတွေလုပ်မယ်။ ကြိုးတွေက အရင်တုန်းက အဖုံးအကာမပါတော့ ပြုတ်ကျရင် ထိခိုက်တာတွေဖြစ်တယ်။ အဖုံးအကာပါတဲ့ ကြိုးကိုလဲဖို့ လုပ်နေတာကြာပြီ။ နှစ်နဲ့ချီကြာနေပြီ။ အခုက မီးပြတ်တာနဲ့ဆိုတော့ အဲဒီအချိန်မှာ လဲလိုက်ဖို့ လုပ်ထားတယ်”ဟု တာချီလိတ်မြို့မီးလင်းရေးရုံးမှ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးနေသည့် တာချီလိတ်သို့ မယ်ဆိုင်လျှပ်စစ်ဌာနမှ FEEDER-1 ဓာတ်အားလိုင်းဖြင့် အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် FEEDER-2 ဓာတ်အားလိုင်းဖြင့် အမှတ် (၂) ချစ်ကြည်ရေးတံတား(၂)မှတစ်ဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်နေခြင်းဖြစ်ပြီး စက်တင်ဘာလ (၆)ရက်နေ့၌ အဆိုပါ ဓာတ်အားလိုင်း (၂)ခုလုံး ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဓာတ်အားဖြတ်တောက်ချိန်တွင် မြို့မီးလင်းရေးကော်မတီက မြို့တွင်းလမ်းမကြီးရှိ ဓာတ်အားလိုင်းများတလျှောက် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် ပျောက်ဆုံးယူနစ်လျှော့ချရေးအတွက် မီးကြိုးလဲခြင်းကို ဆောင်ရွက်မည့်အပြင် မြို့မီးလင်းရေး(ရုံးခွဲ)ကလည်း တာချီလိတ်မြို့အဝင်တွင် Free Way လမ်းသားတိုးချဲ့သည့်နေရာမှ လမ်းဧရိယာနှင့် မလွတ်သည့် မီးတိုင်များအား လှဲလှယ်ခြင်း၊ မီးကြိုးအစားထိုးခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
  Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~