ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး ရက်ပေါင်း(၂၀)ကျော်ကြာမှ COVID-19 ကူးစက်ခံရသူအဖြစ် အမျိုးသမီး တစ်ဦး အဖြေထွက်

ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး ရက်ပေါင်း(၂၀)ကျော်ကြာမှ COVID-19 ကူးစက်ခံရသူအဖြစ် အမျိုးသမီး တစ်ဦး အဖြေထွက်
ဧပြီ 10, 2020
By Tachileik News Agency


ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး ရက်ပေါင်း(၂၀)ကျော်ကြာမှ COVID-19 ကူးစက်ခံရသူအဖြစ် အမျိုးသမီး တစ်ဦး အဖြေထွက်

မြန်မာနိုင်ငံအတွင်း COVID-19 နှင့် ပတ်သက်၍ ဓါတ်ခွဲစစ်ဆေးချက်အရ ၂၀၂၀ခုနှစ် ဧပြီလ (၁၀)ရက်နေ့ နံနက်(၃)နာရီ ဓါတ်ခွဲအဖြေတွင် (၄)ဦး ထပ်မံတွေ့ရှိရ၍ အတည်ပြုလူနာ (၂၇)ဦးအထိရှိလာပြီး အဖြေတွေ့သူ (၄)ဦးတွင် ထိုင်းနိုင်ငံက ပြန်ရောက်ပြီး ရက်ပေါင်း(၂၀)ကျော်အကြာမှ COVID-19 ကူးစက်ခံရသူအဖြစ် စစ်ဆေးတွေ့ရှိသူ ပါဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည်။

အသစ်ထပ်မံတွေ့ရှိရသည့် (၄)ဦးတွင် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦး ပါဝင်ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦးနှင့် မွန်ပြည်နယ်မှ (၁)ဦး ပါဝင်ကြောင်း သိရသည်။

  • Case (၂၄)သည် အသက်(၃၂)နှစ်အရွယ် အမျိုးသားဖြစ်ပြီး စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ မတ်လ (၁၉)ရက်နေ့က ရောက်ရှိလာပြီး ဧပြီလ(၁)ရက်နေ့တွင် ဖျားနာ မောပန်းခြင်းများ စတင်ဖြစ်ပေါ်ကာ ဧပြီလ(၆)ရက်နေ့တွင် လည်ချောင်း နှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွား၍ ဧပြီလ(၈)ရက်နေ့တွင်  မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
  • Case(၂၅)သည် ပြည်ပနိုင်ငံသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း သွားရောက်ဖူးခြင်း မရှိကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဧပြီလ(၂)ရက်နေ့က ဖျားနာ ချောင်းဆိုးခြင်းများ ဖြစ်လာ၍ ဧပြီလ(၉)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ၎င်းသည် သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသည့် အသက်(၅၅)နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း သိရသည်။
  • Case(၂၆)သည် ပြည်ပနိုင်ငံသို့ လွန်ခဲ့သော (၁၄)ရက်အတွင်း သွားရောက်ဖူးခြင်းမရှိသည့် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက်(၅၆)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ဧပြီလ(၁)ရက်နေ့က ဖျားနာချောင်းဆိုးပြီး လည်ချောင်းနာခြင်း ခံစားရပြီးနောက် ဧပြီလ(၈)ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသူ ဖြစ်ကြောင်း သိရသည်။
    • Case(၂၇)သည် ထိုင်းနိုင်ငံမှတဆင့် မြဝတီသို့ မတ်လ(၂၀)ရက်နေ့က ရောက်ရှိကာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နေထိုင်သူ အသက်(၂၄)နှစ်ရှိ အမျိုးသားဖြစ်ပြီး မတ်လ(၂၉)ရက်နေ့တွင် သတ်မှတ်နေရာသို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်တားမြစ်အဖြစ် (Facility Quarantine) ပြောင်းသတ်မှတ်ထားရာ ၎င်းသည် မတ်လ(၃၀)ရက်နေ့တွင် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသည့် အတွက်  ကျိုင်မရောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု ကုသမှု (Hospital Quarantine)ထားရှိပြီးနောက် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုလူနာအဖြစ် အဖြေထွက်ရာ ၎င်းသည် ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး ရက်ပေါင်း(၂၀)ကျော်အကြာမှ ကူးစက်ခံရသူအဖြစ် တွေ့ရှိရသူဖြစ်ကြောင်း သိရသည်။

    ၂၀၂၀ခုနှစ် မတ်လ(၂၁)ရက်နေ့မှ ဧပြီလ(၁၀)ရက်နေ့ နံနက်(၃)နာရီအချိန်အထိ ရက်ပေါင်း(၂၀)တိတိတွင် မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၂၇)ဦးတွေ့ရှိရပြီး (၃)ဦးသေဆုံးကာ (၁)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသွားသူဖြစ်ကြောင်း သိရသည့်အတွက် လက်ရှိတွင် ကူးစက်ခံရ၍ ကုသမှုခံရယူနေသူ (၂၃)ဦး ကျန်ရှိနေကြောင်း သိရသည်။

    Tachileik News Agency


    ~~~~~~~   ကြော်ငြာ   ~~~~~~
    ~~~~~~~   ကြော်ငြာ   ~~~~~~

    ~~~~~~~   ကြော်ငြာ   ~~~~~~

    ~~~~~~~   ကြော်ငြာ   ~~~~~~
    ~~~~~~~   ကြော်ငြာ   ~~~~~~
    ~~~~~~~   ကြော်ငြာ   ~~~~~~
    ~~~~~~~   ကြော်ငြာ   ~~~~~~
    ~~~~~~~   ကြော်ငြာ   ~~~~~~