ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦးအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့

ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦးအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့
ဇွန် 1, 2021 | Covid-19| ရှမ်းရှေ့

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့ နံနက်က  လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးအနက် (၇)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

လွဲပြောင်းလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား အမျိုးသား (၆၇)ဦး နှင့် အမျိုးသမီး(၄၂)ဦး စုစုပေါင်း (၁၀၉)ဦးအား တာချီလိတ် - မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားပေါ် မြန်မာဘက်တွင် Covid-19 စစ်‌ဆေးပြီး လက်ခံရာ အမျိုးသား(၆)ဦး နှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၇)ဦးတွင် Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

Facility Quarantine Centre ဖွင့်လှစ်ထားသည့် မိုးကုတ်တရားရိပ်တာ၌ လက်ရှိတွင် ပိုးမတွေ့သည့် ( ၁၀၂ )ဦးကို ထားရှိပြီး ပိုးတွေ့သူများကို ကုသဆောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ(၁၇)ရက်နေ့က  ပြစ်ဒဏ်စေ့ လွှဲပြောင်းစဉ်ကလည်း (၁၀၁)ဦးအနက်  Covid-19 ပိုးရှိ (၄)ဦးတွေ့ခဲ့ရပြီး ၎င်းတို့အသုတ်အား ဒုတိယအကြိမ်ပြန်လည် စစ်ဆေးသည့် မေလ(၂၇)ရက်နေ့တွင် (၄)ဦး ထပ်တိုးတွေ့ရှိခဲ့သည်။