တာချီလိတ်တွင် အိမ်ခန်းငှားသူ၊ ဆိုင်ခန်းငှားသူများက မီတာခပိုမိုကောက်ခံနေခြင်းအား မီးလင်းရေးကော်မတီက ညှိနှိုင်းခြင်းနည်းလမ်းဖြင့် စတင်ဖြေရှင်းမည်

တာချီလိတ်တွင် အိမ်ခန်းငှားသူ၊ ဆိုင်ခန်းငှားသူများက မီတာခပိုမိုကောက်ခံနေခြင်းအား မီးလင်းရေးကော်မတီက ညှိနှိုင်းခြင်းနည်းလမ်းဖြင့် စတင်ဖြေရှင်းမည်
မေ 31, 2020
By 🌸

တာချီလိတ်တွင် အိမ်ခန်းငှားသူ၊ ဆိုင်ခန်းငှားသူများက မီတာခပိုမိုကောက်ခံနေခြင်းအား မီးလင်းရေးကော်မတီက ညှိနှိုင်းခြင်းနည်းလမ်းဖြင့် စတင်ဖြေရှင်းမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အိမ်ခန်း၊ ဆိုင်ခန်းငှားရမ်းသူများက အိမ်ငှား၊ ဆိုင်ခန်းငှားများထံမှ မီတာခကို စိတ်ကြိုက်ဈေးနှုန်း အသီးသီးဖြင့် ကောက်ခံနေခြင်းအား ခွင့်ပြုထားခြင်းမရှိ၍ ညှိနှိုင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် စတင်ဖြေရှင်းမည်ဟု သိရသည်။

“ဒီကိစ္စက နှစ်ကာလကြာရှည်ဖြစ်လာကြတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်တို့ စတာဝန်ယူကတည်းက ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့ အခုလက်ရှိစတင်ဖြစ်တာကတော့ COVID ကာလမှာ အားလုံးလည်း အခက်အခဲ ဖြစ်ကြတဲ့အချိန်မှာ အများပြည်သူ ဝန်ထုပ်ဝန်ပိုးမဖြစ်ကြစေဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ မီးလင်းရေးကနေ မီတာစတင်ရောင်းချကတည်းက တစ်ဆင့်ပြန့်ပွားရောင်းချခြင်းကို ခွင့်ပြုမထားပါဘူး။ မီးလင်းရေးက သတ်မှတ်ဖြန့်ဖြူးနေတဲ့ ဓာတ်အားခနှုန်းထားထက် ပိုပြီးကောက်ခံခွင့်လည်း ပေးမထားပါဘူး။ ကျွန်တော်တို့ဘက်က အရေးယူရတာထက် အားလုံးညှိညှိနှိုင်းနှိုင်း ဖြေရှင်းဆောင်ရွက်တဲ့နည်းလမ်းကိုပဲ သွားချင်ပါတယ်။ ကျွန်တော်တို့ မီးလင်းရေးကော်မတီအနေနဲ့ အများပြည်သူကို ဓာတ်အားခလျှော့ချနိုင်သလောက် လျှော့ချဖို့ ကြိုးစားလုပ်ဆောင်ပါတယ်။ ဒါကိုလည်း အားလုံးတပြေးညီခံစားခွင့်လည်း ရစေချင်ပါတယ်”

ဟု မြို့မီးလင်းရေးကော်မတီဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် ပြောသည်။

မြို့မီးလင်းရေးကော်မတီမှ လျှပ်စစ်ဓာတ်အားကို အိမ်သုံးမီတာ၊ လုပ်ငန်းသုံးမီတာများ ရယူလျှောက်ထား အသုံးပြုသူများအနေဖြင့် ဆင့်ပွားရောင်းချခွင့်ပြုထားခြင်းမရှိသော်လည်း အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများထံမှ လျှပ်စစ်မီတာခကို မိမိတို့စိတ်ကြိုက်သတ်မှတ် ဈေးနှုန်းအသီးသီးဖြင့် နှစ်ပေါင်းများစွာ  ကောက်ခံလာကြခြင်းဖြစ်သည်။

“အိမ်ငှား၊ ဆိုင်ခန်းငှားတွေဆီက မီတာခပိုကောက်တယ်ဆိုတာကို ဖြေရှင်းဆောင်ရွက်ဖို့ မီးလင်းရေးကော်မတီကို ပြောထားပါတယ်”

ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့မီးလင်းရေးကော်မတီက လျှပ်စစ်ဓာတ်အားခ သတ်မှတ်နှုန်းထားများကို အလျဉ်းသင့်သလို ဈေးနှုန်းလျှော့ပေးခြင်းနှင့် COVID 19 ကာလအတွင်း သက်သာခွင့်ပေးခြင်းများ လုပ်ဆောင်ပေးသော်လည်း အိမ်ခန်းငှား၊ ဆိုင်ခန်းငှားများမှာ ခံစားခွင့်မရကြောင်း သိရသည်။

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်းများအတွက် မြို့မီးလင်းရေးကော်မတီကို ခရိုင်အုပ်ချုပ်ရေးမှူးအဆက်ဆက်က ကော်မတီဥက္ကဌအဖြစ်တာဝန်ရှိယူပြီး ဒေသတွင်း အရပ်ဘက်၊ တပ်ဘက်မှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှ ဌာနဆိုင်ရာ တာဝန်ရှိသူများမပါဝင်ဘဲ အရပ်သားများဖြင့်သာ ဖွဲ့စည်းသည့်ကော်မတီကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~