မကွေးတိုင်းအတွင်းက တစ်ဦးတည်းသော အတည်ပြုလူနာတွင် coivd-19 ပိုးမတွေ့တော့၍ ဆင်းရုံဆင်းခွင့်ရ

မကွေးတိုင်းအတွင်းက တစ်ဦးတည်းသော အတည်ပြုလူနာတွင် coivd-19 ပိုးမတွေ့တော့၍ ဆင်းရုံဆင်းခွင့်ရ
မေ 3, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်းက တစ်ဦးတည်းသော အတည်ပြုလူနာတွင် coivd-19 ပိုးမတွေ့တော့၍ ဆင်းရုံဆင်းခွင့်ရ

မကွေးတိုင်းအတွင်းမှ တစ်ဦးတည်းသော COVID 19 အတည်ပြုလူနာမှာ ပြန်လည်ဓါတ်ခွဲစစ်ဆေးမှု (၂)ကြိမ်လုံးတွင် ပိုးမတွေ့ရကြောင်း အဖြေထွက်၍ ၂၀၂၀ ခုနှစ်၊ မေလ (၃)ရက်နေ့၌ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်သည်။

COVID-19 ပိုးတွေ့အတည်ပြုလူနာ ဖြစ်ခဲ့ရသည့် ကိုသန်းထွန်းအား မေလ (၃)ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် မြို့သစ်မြို့နယ် covid1-9 ကော်မတီမှ လာရောက် ခေါ်ဆောင်ရာ မကွေးတိုင်းဆေး ရုံအုပ်ကြီး နှင့်တကွ ဆေးရုံတာဝန်ရှိသူများက လက်ခုပ်တီး သြဘာပေး၍ နှုတ်ဆက်ခဲ့ကြသည်။

သူဟာ အားလုံးတွေ့ရှိတဲ့အတိုင်း ကျန်းမာသန်စွမ်း လန်းဆန်းလျှက်ရှိပါတယ်။ ကျွန်တော်တို့ဆေးရုံကနေ ဧပြီ (၁၄)ရက် မနက် (၂)နာရီကတည်းက စနစ်တကျ ခေါ်ဆောင်လာပြီးတော့ စနစ်တကျပြုစုကုစောင့် ရှောက်မှုပေးခဲ့ပါတယ်။ ဒီနေ့ မေလ(၃)ရက်နေ့ဆိုရင် သူ ဆေးရုံတက်ရက်ဟာ (၁၉) ရက် တိတိဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာရှိတဲ့ အင်အားနဲ့ သူ့ကိုပြုစုကုမှုပေးခဲ့သလိုပဲ စောင့်ကြည့် သံသယ လူနာအားလုံးကိုလည်းပဲ တတ်နိုင်သလောက် စောင့်ရှောက်ကုသမှုပေးသွားမှာပါ

ဟု တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Facality Quarantine (၇)ရက် ၊ နေအိမ်တွင် Home Quarantine (၇) ရက် နေထိုင်စဉ် လိုက်နာရမည့်အချက်များကို ဆေးရုံဆင်းလူနာအား မကွေးတိုင်း ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက မှာကြားခဲ့ကြပြီး မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းက လာရောက် အားပေးဂုဏ်ပြုခဲ့သည်ကို တွေ့ရသည်။

ကျွန်တော် မကွေးဆေးရုံကြီးကို ရောက်တဲ့နေ့ကစပြီး ဒီက ဆေးရုံအုပ်ကြီးနဲ့ ဆရာ ဆရာမတွေ ကျွန်တော့်ကို အစစအရာရာ လိုလေသေးမရှိအောင် ဂရုတစိုက်နဲ့ စောင့်ရှောက်မှုပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် အရမ်းကျေး ဇူးတင်ရပါတယ်။ ဆက်ပြီးလည်း ဆရာကြီးတွေ ညွှန်ကြားတဲ့အတိုင်း လိုက်နာနေထိုင်သွားမှာပါ

ဟု ကိုသန်းထွန်းက ပြောသည်။

လတ်တလော မကွေးတိုင်းဆေးရုံ၌ စောင့်ကြည့်လူနာ(၄)ဦးရှိပြီး ယနေ့ညပိုင်းတွင် ဓာတ်ခွဲစစ်ဆေးရန် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ်များ ရယူပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရပြီး အဆိုပါလူနာအားလုံး အခြေအနေကောင်းမွန်လျှက်ရှိနေကြောင်း သိရသည်။

ကိုသန်းထွန်းမှာ ဧပြီ (၁၃) ရက်နေ့တွင် COVID-19 ပိုးတွေ့ရသဖြင့် ကုသမှုခံယူနေခဲ့စဉ် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှု လုပ်ဆောင်ရာ ဧပြီလ (၂၆)ရက်နေ့တွင် ဒုတိယအကြိမ် မေလ(၁)ရက်နေ့တွင် တတိယအကြိမ် ပိုးမတွေ့ရ အဖြေထွက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~