ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံပေါင်း (၉၀)ကျော်လာပြီး အတည်ပြုလူနာ တစ်သိန်းကျော်ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံပေါင်း (၉၀)ကျော်လာပြီး အတည်ပြုလူနာ တစ်သိန်းကျော်ရှိလာ
မတ် 7, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံပေါင်း (၉၀)ကျော်လာပြီး အတည်ပြုလူနာ တစ်သိန်းကျော်ရှိလာ

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပြီး ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် ၂၀၂၀ခုနှစ် မတ်လ (၇)ရက်နေ့တွင် နိုင်ငံ‌ပေါင်း (၉၀)ကျော်အထိ ပျံ့နှံ့နေရာ ကူးစက်ခံရသူ စုစုပေါင်း တစ်သိန်းကျော်ပြီဖြစ်ကြောင်း  ဂျွန်ဟော့ကင်၏ စစ်တမ်းအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ်သည် ၂၀၂၀ခုနှစ် ဇန်နရီဝါရီလ (၂၆)ရက်နေ့က ကူးစက်ခံရသူ (၂,၂၀၀)ကျော်သာ ရှိခဲ့ရာမှ မတ်လ(၇)ရက်နေ့အထိ  နိုင်ငံပေါင်း (၉၀)ကျော်သို့ ကူးစက်ခံရသူ စုစုပေါင်း (၁၀၂,၁၈၈)ဦးရှိပြီးလာပြီး  သေဆုံးသူ စုစုပေါင်းမှာလည်း (၃,၄၉၁)ဦးအထိ ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ အပါအဝင်၊ တောင်ကိုရီးယား၊ အီရန်၊ အီတလီ၊ ဂျာမဏီ၊ ပြင်သစ်၊ ဂျပန်၊ စပိန်၊ အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ စင်္ကာပူ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ ဆွီဒင်၊ ဟောင်ကောင်၊ မလေးရှား၊ သြစတေးလျ၊ သြစတြီးယား၊ ဘာရိန်း၊ ကူဝိတ်၊ ကနေဒါ၊ ထိုင်း၊ အီရတ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ထိုင်ဝမ်၊ အိုက်စ်လန်၊ ဂရိ၊ အိန္ဒိယ၊ ဆန်မာရီနို၊ ဒိန်းမတ်၊ ပါလက်စတိုင်း၊ လက်ဘနွန်၊ အစ္စရေး၊ ချက်၊ အိုင်ယာလန်၊ အယ်လ်ဂျီရီးယား၊ အိုမန်၊ ဗီယက်နမ်၊ ဖင်လန်၊ အီဂျစ်၊ ရုရှား၊ ပေါ်တူဂီ၊ ဘရာဇီး၊ အီကွေဒေါ၊ ခရိုအေးရှား၊ မကာအို၊ အက်စ်တိုနီးယား၊ အဇာဘိုင်ချန် နှင့် ရိုမေးနီးယားနိုင်ငံတို့တွင် ကူးစက်ခံနေရသည်။

ယင်းအပြင် အာဂျင်တီးနား၊ ကာတာ၊ ဆလိုဘေးနီးယား၊ ပါကစ္စတန်၊ ဘယ်လာရု၊ မက္ကဆီကို၊ ဆော်ဒီအာရေးဘီးယား၊ ပြင်သစ်ဂါနာ၊ နယူးဇီလန်၊ ဖီလစ်ပိုင်၊ ပိုလန်ဦ၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ ချီလီ၊ ဂျော်ဂျီယာ၊ ဟန်ဂေရီ၊ ဘော်စနီ နှင့် ဟာဇီဂိုဘီးနား၊ စိန့်ဘာဿလီ၊ မြောက် မက်စီဒိုးနီးယား၊ ဒိုမီနီကန်၊ လူဇင်ဘတ်၊ မော်ရိုကို၊ Martinique ၊ လစ်သူရေးနီးယား၊ ကမ္ဘောဒီးယား၊ ကင်မရွန်၊ မိုနာကို၊ အာဖဂန်နစ္စတန်၊ စလိုဗက်ကီးယား၊ ပီရူး၊ တိုကို၊ အာမေးနီးယား၊ ယူကရိန်း၊ အာတီကန်၊ တောင်အာဖရိက၊ လန်ချက်စတိန်း၊ ဖာရိုကျွန်း၊ ကော်စတာရီကာ၊ အန်ဒိုရာ၊ ဂျီဗရော်တာ၊ နိုင်ဂျီးရီးယား၊ တူနီးရှား၊ ကိုလန်ဘီယာ၊ ဘူတန်၊ နီပေါ၊ ဂျော်ဒန်၊ လိုက်ဗီးယား၊ ဆာဘီးယား နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၉၀)ကျော်တို့တွင် ကူးစက်ခံနေရခြင်း ဖြစ်သည်။

ကမာ္ဘတွင် မြန်မာနိုင်ငံအပါအဝင် (၁၉၅)နိုင်ငံရှိရာ ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၉၀)ကျော်အထိ ကူးစက်ပျံ့နှံ့နေလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့်ကြည့်နှင့် သံသယလူနာများ အဖြစ် ၂၀၂၀ခုနှစ် မတ်လ (၆)ရက်နေ့အထိ (၆၂)ဦးရှိခဲ့ပြီး (၄၇)ဦးတွင် ကိုရိုနာရောဂါပို းမတွေ့ရှိရကြောင်း နှင့် မတ်လ(၇)ရက်နေ့အထိ ကျန်စောင့်ကြည့်လူနာ (၅)ဦးကို စောင့်ကြပ်ကြည့်ရှု ကုသမှုပေးလျက်ရှိကြောင်း အားကစား နှင့် ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ထားရှိသည်။

မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (၄၈)ဦးရှိရာ (၁)ဦးမှာ သေဆုံးသွားကြောင်း နှင့် တရုတ်နိုင်ငံတွင် ကူးစက်ခံရသူ (၈၀,၀၀၀)ကျော်ရှိပြီး (၃,၀၀၀)ကျော်မှာ သေဆုံးသူများ ဖြစ်ကြောင်း သိရသည်။၊

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~