အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က တစ်ဦး အပါအဝင် (၇)ဦးကို ကျန်းမာရေးက စစ်ဆေးထားပြီး ဧပြီလ (၈)ရက်နေ့က ရန်ကုန် - ကျိုင်းတုံ လေယာဉ်စီးလာသူများ ကျိုင်းတုံဆေးရုံသို့ လာရောက် ဆက်သွယ်ရန်လို

အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က တစ်ဦး အပါအဝင် (၇)ဦးကို ကျန်းမာရေးက စစ်ဆေးထားပြီး ဧပြီလ (၈)ရက်နေ့က ရန်ကုန် - ကျိုင်းတုံ လေယာဉ်စီးလာသူများ ကျိုင်းတုံဆေးရုံသို့ လာရောက် ဆက်သွယ်ရန်လို
ဧပြီ 12, 2020
By Tachileik News Agency
အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် မိုင်းဖြတ်မြို့က တစ်ဦး အပါအဝင် (၇)ဦးကို ကျန်းမာရေးက စစ်ဆေးထားပြီး ဧပြီလ (၈)ရက်နေ့က ရန်ကုန် - ကျိုင်းတုံ လေယာဉ်စီးလာသူများ ကျိုင်းတုံဆေးရုံသို့ လာရောက် ဆက်သွယ်ရန်လို 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူ အပါအဝင် ဆက်စပ်သူ (၇) ဦးထံမှ ဓါတ်ခွဲနမူနာရယူထားပြီး လေကြောင်းခရီးစဉ် အတူစီးနင်းလာသူများကို ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ဘာသာရေးပွဲတစ်ခု အတူတက်ခဲ့သူ (၄)ဦး ဧပြီလ (၁၁)ရက်နေ့က အတည်ပြုလူနာအဖြစ် ဓါတ်ခွဲအဖြေ ရရှိပြီးနောက် ၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူတစ်ဦးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့သို့ ပြန်လာကြောင်း သိရသဖြင့် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဧပြီလ (၁၂)ရက်နေ့တွင် လိုက်လံစုံစမ်းရှာဖွေနေကြခြင်းဖြစ်သည်။

Case ၄ ခုရဲ့ direct contact (အနီးကပ်ထိတွေ့သူ) နဲ့ သူ့ရဲ့အိမ်က မိသားစုဝင် (၃) ဦးရယ် ကျိုင်းတုံကနေ မိုင်းဖြတ်ကို ပို့ပေးတဲ့ လူစီးကားပေါ်က (၃)ဦးရယ် စုစုပေါင်း (၇)ဦးရဲ့ ဓါတ်ခွဲနမူနာကို ယူထားပြီးတော့မှ ကျိုင်းတုံကို ရောက်နေပြီ။ အခု လေကြောင်းလိုင်းကိုလာပြီးတော့ အဲဒီနေ့ကစီးခဲ့တဲ့လူတွေစာရင်း လာကြည့်နေပါတယ်

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၂)ရက်နေ့တွင် ပြောသည်။

အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့သူ၊ ၎င်းနှင့်ထိတွေ့ခဲ့သူများ၏ ဓါတ်ခွဲနမူနာများကို တောင်ကြီးမြို့မှတစ်ဆင့် ရန်ကုန်သို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိခဲ့သူ ဧပြီလ (၈)ရက်နေ့က ရန်ကုန်မှ ကျိုင်းတုံသို့ စီးနင်းလာသည့် မြန်မာ့လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအနေဖြင့် ကျိုင်းတုံဆေးရုံကြီးသို့ အမြန်ဆုံးဆက်သွယ်၍ ဆေးစစ်မှုခံယူကြရန် ကျန်းမာရေးဦးစီးဌာနက သတိပေးထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~