တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၇)ရက်နေ့အတွက် လာရောက်စစ်မှုခံယူသူ (၁၁)ဦးရှိရာ အားလုံးတွင် Covid-19 ပိုး မတွေ့

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၇)ရက်နေ့အတွက် လာရောက်စစ်မှုခံယူသူ (၁၁)ဦးရှိရာ အားလုံးတွင် Covid-19 ပိုး မတွေ့
ဒီဇင်ဘာ 7, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း ဒီဇင်ဘာလ(၇)ရက်နေ့အတွက်  လာရောက်စစ်မှုခံယူသူ (၁၁)ဦးရှိရာ အားလုံးတွင်  Covid-19 ပိုး မတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း fever clinic သို့ ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ နံနက် (၁၀)နာရီခွဲအထိ (၁၁)ဦး လာရောက်၍ Covid-19 စစ်ဆေးမှု ခံယူရာ အားလုံးတွင် Covid-19 ပိုး မတွေ့ရကြောင်း သိရသည်။
" (၁၁)ယောက် All Negative ၊ ဒီနေ့ စစ်စရာကတော့ မယ်ယန်းဂိတ်မှာတော့ စစ်နေတယ်။ Q ထားတဲ့ (၄)ယောက်လောက်ကိုလည်း စစ်နေတယ်။"ဟု  တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
ဆေးရုံဟောင်းအတွင်း  fever clinic တွင် ယနေ့အတွက် လာရောက်စစ်ဆေးမှုခံယူသူ (၁၁)ဦးသာရှိပြီး အားလုံးမှာ ပိုးမတွေ့သည့်အတွက် ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်တွင် လာရောက် စစ်ဆေးမှုခံယူသူများကို ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် နေ့စဉ်အနေဖြင့် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို တစ်နေ့လျှင် နံနက် နှင့် ညနေများတွင် စစ်ဆေးပေးနေပြီး ဆေးရုံဟောင်းအတွင်း fever clinic တွင် နေ့စဉ် နံနက်(၇)နာရီမှ နံနက်(၁၀)နာရီကျော်အထိ စစ်ဆေးပေးနေခြင်းပြီး ဆေးစစ်ခအဖြစ် ကျပ်(၁၀,၀၀၀)ပေးဆောင်ရမည်ဖြစ်သည်။
 

တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့ ညပိုင်းးအထိ အမျိုးသား (၃၀)ဦး နှင့် အမျိုးသမီး(၄၃)ဦး စုစုပေါင်း (၇၃)ဦးအထိရှိနေပြီး (၃)ဦးမှာ ဆေးရုံမှ ဆင်းပြီဖြစ်၍ လက်ရှိတွင် (၇၀)ဦး ကျန်ရှိနေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~