တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးဖြစ်သူ အပါအဝင် အတည်ပြုလူနာနှစ်ဦး နှင့် ထိတွေ့သူများ၏ ဓါတ်ခွဲအဖြေများ ယနေ့ညနှင့် ဧပြီလ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ ပါလာနိုင်

တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးဖြစ်သူ အပါအဝင် အတည်ပြုလူနာနှစ်ဦး နှင့် ထိတွေ့သူများ၏ ဓါတ်ခွဲအဖြေများ ယနေ့ညနှင့် ဧပြီလ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ ပါလာနိုင်
ဧပြီ 24, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးဖြစ်သူ အပါအဝင် အတည်ပြုလူနာနှစ်ဦး နှင့် ထိတွေ့သူများ၏ ဓါတ်ခွဲအဖြေများ ယနေ့ညနှင့် ဧပြီလ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ ပါလာနိုင်

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့မှ ပထမဆုံး COVID 19 အတည်ပြုလူနာ (Case 96)၏ ဇနီး အပါအဝင် အတည်ပြုလူနာ (Case 112) ဖြင့် ထိတွေ့သည့် တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဆတ်မှ COVID 19 ဓါတ်ခွဲနမူနာရယူထားသူ စုစုပေါင်း (၆၉) ခု၏ ဓါတ်ခွဲအဖြေများ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့ ညပိုင်း သို့မဟုတ် ဧပြီလ (၂၅) ရက်နေ့  နံနက်ပိုင်းတွင် သိနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပထမအတည်ပြုလူနာရဲ့ ဇနီးနဲ့ သူတို့အိမ်က အိမ်အကူကိုလည်း ပြန်စစ်ထားတယ်။ သူတို့အပါအဝင် တာချီလိတ်က စုစုပေါင်း (၃၉)၊ ကျိုင်းတုံက စုစုပေါင်း (၂၉)ပါတယ်။ မိုင်းဆတ်က (၁)ယောက်ပါတယ်။ ဒီနေ့ အဖြေမှာ ပါလာနိုင်တယ်”

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ ပထမဆုံး အတည်ပြုလူနာဖြစ်သည့် ကျန်းမာရေးဝန်ထမ်း (Case 96)၏ ဇနီးဖြစ်သူနှင့် အိမ်အကူအား ပထမအကြိမ် ဓါတ်ခွဲစစ်ဆေးခဲ့စဉ်က ပိုးမတွေ့ကြောင်း  ဓါတ်ခွဲအဖြေရရှိထားပြီး အသွားအလာကန့်သတ်ထားရာ ဒုတိယအကြိမ် ထပ်မံ၍ ဓါတ်ခွဲစစ်ဆေးထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာဖြစ်သည့် သူနာပြုဆရာမ (Case 112)နှင့် အနီးကပ်ထိတွေ့ သည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင်  တာချီလိတ်နှင့် ကျိုင်းတုံ၌ ထိတွေ့မှုရှိ၍ အသွားအလာ ကန့်သတ်ထားသူ  စုစုပေါင်း (၂၃၉) ဦးအနက် (၄၈)ဦး၏ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးထားခြင်းဖြစ်သည်။

ယင်းအပြင် မိုင်းဆတ်မြို့မှ အသွားအလာကန့်သတ်ထားသူ (၁)ဦး၊ ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၁) ဦးနှင့် တာချီလိတ်ရှိ Facilities Quarantine မှ (၁၉) ဦး၏ ဓါတ်ခွဲနမူနာများကိုလည်း ဧပြီလ (၂၃)ရက်နေ့က ပို့ဆောင်ထားခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~