အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က တာချီလိတ်သို့ ပေးပို့ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို စေတနာ့ဝန်ထမ်းများအား ပြန်လည်ပေးအပ်ချီးမြှင့်

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က တာချီလိတ်သို့ ပေးပို့ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို စေတနာ့ဝန်ထမ်းများအား ပြန်လည်ပေးအပ်ချီးမြှင့်
ဇူလိုင် 9, 2020
By Tachileik News Agency

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့က တာချီလိတ်သို့ ပေးပို့ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို  စေတနာ့ဝန်ထမ်းများအား ပြန်လည်ပေးအပ်ချီးမြှင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် Covid-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းစဉ်များ၌ ပါဝင်ကူညီခဲ့ကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်း( Volunteer )များအား အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ပေးပို့ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို  ၂၀၂၀ခုနှစ် ဇူလိုင်လ(၉)ရက်နေ့တွင် ပေးအပ်ချီးမြှင့်ပြီး ကျန်ရှိသူများ၏ စာရင်းများကို ဆက်လက်တင်ပြကာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်၏ လက်မှတ်ပါသည့် ဂုဏ်ပြုလက်မှတ်များကို ပထမအကြိမ် စာရင်းအရ လူမှုရေးအသင်းအဖွဲ့များ နှင့် စေတနာ့ဝန်ထမ်း( Volunteer )များ အပါအဝင် စုစုပေါင်း (၃၄)ဦးကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးမြင့်နိုင် နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စော နှင့်ကော်မတီဝင်များ အပါအဝင် မြို့မိမြို့ဖများက ချီးမြှင့်ခဲ့ကြခြင်းဖြစ်သည်။

တဆက်တည်းမှာပင် Quarantine Center တွင် Volunteer  များအတွက် စေတနာရှင်များက သီးသန့်အနေဖြင့် လိုအပ်သည့်နေရာတွင် အသုံးပြုရန် လှူဒါန်းပေးထားသည့် မြန်မာကျပ်ငွေ စုစုပေါင်း (၇၂၇,၀၀၀)ကျပ်အား Volunteer များက သုံးစွဲခြင်းမပြုဘဲ တာချီလိတ်ခရိုင်အတွင်း Covid-19 ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တာချီလိတ်ခရိုင်အဆုတ်ရောင်ရောဂါ 2019 Novel Corona Virus(2019-n Cov) ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီသို့ ပြန်လည်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်မြို့ရှိ Quarantine Center ၌  ကျန်းမာရေးဌာန၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ နှင့် Volunteer များ အပါအဝင် လုံခြုံရေးအနေဖြင့် ရဲတပ်ဖွဲ့ နှင့် ရပ်/ကျေးစာရေးများက ဂျူတီများခွဲ၍ ဆောင်ရွက်နေကြပြီး ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်ချိန်တွင်လည်း စုပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~