ရွမ္းျပည္နယ္(အေရွ႕႔ပိုင္း)ႏွင့္ ခ်င္းျပည္နယ္မွ လြဲ၍ အျခားေဒသမ်ားတြင္ H1N1 ေရာဂါျဖစ္ပြားေနၿပီး ေသဆံုးသူ (၁၀၅)ဦးထိ တိုးလာ

ရွမ္းျပည္နယ္(အေရွ႕႔ပိုင္း)ႏွင့္ ခ်င္းျပည္နယ္မွ လြဲ၍ အျခားေဒသမ်ားတြင္ H1N1 ေရာဂါျဖစ္ပြားေနၿပီး ေသဆံုးသူ (၁၀၅)ဦးထိ တိုးလာ
သြဂုတ် 27, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံတြင္ ရာသီတုပ္ေကြး (H1N1) အတည္ျပဳလူနာဦးေရမွာ ၂၀၁၉ ခုႏွစ္အတြင္း ၾသဂုတ္လ (၂၆)ရက္ေန႔အထိ ရန္ကုန္တိုင္းေဒသႀကီးတြင္ (၂၆၆)ဦးျဖင့္ အမ်ားဆံုးျဖစ္ပြားၿပီး ခ်င္းျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွလြဲ၍ က်န္ေဒမ်ားတြင္ အနည္းငယ္စီျဖစ္ပြားခဲ့သည္ကို ေတြ႔ရသည္။

ထိခိုက္ခံစားရမႈ အမ်ားဆံုးမွာ အသက္ (၅)ႏွစ္ေအာက္ကေလးမ်ားႏွင့္ အသက္ (၆၅)ႏွစ္အထက္ အသက္အရြယ္မ်ားျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္း ဒဂံုၿမိဳ႕သစ္ေတာင္ပိုင္းႏွင့္ လိႈင္သာယာၿမိဳ႕နယ္မ်ားတြင္ ရာသီတုပ္ေကြး အတည္ျပဳလူနာ အမ်ားဆံုးေတြ႔ခဲ့ရျခင္းျဖစ္သည္။

ရာသီတုပ္ေကြးေတြ႔ရိွမႈမွာ ဇူလုိင္လတြင္ အျမင့္ဆံုးျဖစ္ၿပီး ၾသဂုတ္လတြင္ အနည္းငယ္က်ဆင္းသြားသည္ကို က်န္းမာေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

ရာသီတုပ္ေကြးေရာဂါသည္ မိုးရာသီႏွင့္ မိုးအကုန္ ေဆာင္းအကူးကာလတြင္ ျဖစ္ပြားေလ့ရိွၿပီး အသက္ရႈလမ္းေၾကာင္းမွတစ္ဆင့္ လ်င္ျမန္စြာ ကူးစက္ႏုိင္ျခင္းျဖစ္သည္။

ေရာဂါကူးစက္ျခင္းအား ဟန္႔တားႏုိင္ရန္ ႏွာေခ်၊ေခ်ာင္းဆိုးရာတြင္ ပါးစပ္ႏွင့္ ႏွာေခါင္းကို ဖံုးအုပ္ရန္၊ လက္တြင္ ကပ္ၿငိေနႏိုင္သျဖင့္ လက္ကို ဆပ္ျပာႏွင့္ မၾကာခဏေဆးေၾကာရန္၊ တုပ္ေကြးေရာဂါလကၡဏာမ်ား ေတြ႔ရိွပါက ေဆးရံု၊ ေဆးခန္းတြင္ ကုသမႈခံယူရန္ လိုအပ္ေၾကာင္း သတိေပးႏိႈးေဆာ္ထားသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး (H1N1) အတည်ပြုလူနာဦးရေမှာ ၂၀၁၉ ခုနှစ်အတွင်း သြဂုတ်လ (၂၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးတွင် (၂၆၆)ဦးဖြင့် အများဆုံးဖြစ်ပွားပြီး ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှလွဲ၍ ကျန်ဒေများတွင် အနည်းငယ်စီဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ထိခိုက်ခံစားရမှု အများဆုံးမှာ အသက် (၅)နှစ်အောက်ကလေးများနှင့် အသက် (၆၅)နှစ်အထက် အသက်အရွယ်များဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှိုင်သာယာမြို့နယ်များတွင် ရာသီတုပ်ကွေး အတည်ပြုလူနာ အများဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။

ရာသီတုပ်ကွေးတွေ့ရှိမှုမှာ ဇူလိုင်လတွင် အမြင့်ဆုံးဖြစ်ပြီး သြဂုတ်လတွင် အနည်းငယ်ကျဆင်းသွားသည်ကို ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ရာသီတုပ်ကွေးရောဂါသည် မိုးရာသီနှင့် မိုးအကုန် ဆောင်းအကူးကာလတွင် ဖြစ်ပွားလေ့ရှိပြီး အသက်ရှုလမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ခြင်းဖြစ်သည်။

ရောဂါကူးစက်ခြင်းအား ဟန့်တားနိုင်ရန် နှာချေ၊ချောင်းဆိုးရာတွင် ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ရန်၊ လက်တွင် ကပ်ငြိနေနိုင်သဖြင့် လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောရန်၊ တုပ်ကွေးရောဂါလက္ခဏာများ တွေ့ရှိပါက ဆေးရုံ၊ ဆေးခန်းတွင် ကုသမှုခံယူရန် လိုအပ်ကြောင်း သတိပေးနှိုးဆော်ထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net