ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၉၄)လုံးကို covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၉၄)လုံးကို covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား
မေ 26, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၉၄)လုံးကို covid-19 ကာကွယ်ရေး သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

Covid-19 ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားရသည့် ရှမ်းပြည်နယ်အတွင်းထဲက ဟိုတယ်၊မိုတည်နှင့်တည်းခိုရိပ်သာများအနက် မေလ(၂၁)ရက်နေ့က စတင်ကာ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း(၉၄)လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားကြောင်း သိရသည်။

၂၀၂၀ခုနှစ် မေလ(၂၁)ရက်နေ့မှ မေလ(၂၅)ရက်နေ့အထိ ပြန်ဖွင့်လှစ်ဖွင့်ခွင့် ပြုလိုက်သည့် ရှမ်းပြည်နယ်အတွင်းမှ ဟိုတယ် နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၉၄)လုံးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)က  (၁၉)လုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)က (၄၆)လုံး နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)က (၂၉)လုံး ပါဝင်ကြောင်း သိရသည်။

ကျန်ရှိသည့် ဟိုတယ်များအနေဖြင့်လည်း  ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ထိန်းချုပ်‌ရေးဆိုင်ရာ လိုက်နာရန်အချက်များကို တိကျလိုက်နာပြီး ဖွင့်လှစ်ရန်အတွက် တင်ပြထားကြကြောင်း သိရသည်။
 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~